Pages

Sunday, July 22, 2012

ညနေခင်း သတင်း

မန္တလေးစက်မှုဇုံ(၁)က Ve Ve အချိုရည်စက်ရုံမှာ ဆန္ဒပြ





၂၂ ဇူလိုင် ၂၀၁၂။ မန္တလေးစက်မှုဇုံ(၁) မြ၀တီမင်းကြီးလမ်းက Ve Ve အချိုရည်စက်ရုံမှာ ပေးတဲ့လစာနဲ့ စားဝတ်နေရေးမပြေလည်တာကြောင့် ဇူလိုင်လ ၂၂ ရက် မနက် ၇း၃၀ နာရီကစပြီး အလုပ်သမားဆေန္ဒတွပြကြပါတယ်။ အခြေခံအလုပ်သမားအဖွဲ့ ဖွဲ့စည်းခြင်းအပါအ၀င် အချက် ၁၄ ချက်ပါတောင်းဆိုချက်နဲ့အတူ ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။ Ve Ve အချိုရည်စက်ရုံမှာ စက်ရုံတွင်းအလုပ်သမား ၂၀၀ ကျော်ရှိပြီး နေ့စားလာရောက်လုပ်ကိုင်သူ ၇၀ လောက်ရှိပါတယ်။ အလုပ်သမားရဲ့ ထက်ဝက်ကျော်ဟာ ၁၈ နှစ်အောက်ကလေးသူငယ်တွေဖြစ်ပြီး ၁၃ နှစ်အောက်ကလေး ၄၀ ကျော်ပါရှိနေပါတယ်။(Photos: Cht Ko)
**********************************************************************************************
တရုတ် ဘာသာ ဖြင့် ရေးထိုး ထား သည့် လမ်းညွှန် အမှတ်အသား ကျောက် တိုင် ကို ဖယ်ရှား ရန် မန္တလေး ရှိ မြန်မာ ရပ် ကွက် များ တွင် လူ စု နေ ဟု FNG မှ သတင်း ရရှိပါသည်။