Pages

Monday, July 23, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်တို့အစိုးရအိမ်တော်၌ တွေ့ဆုံ(ဓာတ်ပုံ)

Weekly Eleven News Journal
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်တို့ ထိုင်းနိုင်ငံ အစိုးရအိမ်တော်၌ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးနေစဉ်

http://a7.sphotos.ak.fbcdn.net/hphotos-ak-snc7/481963_412330332137929_1283207990_n.jpg
ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်တို့ တွေ့ဆုံလျက်ရှိနေပြီး အဆိုပါ တွေ့ဆုံမှု အပြီးတွင်

(၁) မြန်မာ- ထိုင်း အစိုးရတို့ အကြား ထားဝယ် အထူး စီးပွားရေးဇုန်နှင့် စီမံကိန်း ဆက်စပ် နယ်မြေများတွင် ပြီးပြီး ပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၂) မြန်မာ- ထိုင်း အစိုးရတို့ အကြား မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့ကို

နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများ လက်မှတ် ရေးထိုးကြမည်ဟု သိရပါသည်။

ထို့နောက် စွမ်းအင် ဖိုရမ် တည်ထောင်ရေး ဆိုင်ရာ ပူးတွဲကြေညာချက် နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးများက လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း အဆိုပါ ခရီးစဉ်၌ လိုက်ပါ သတင်းယူနေသော Weekly Eleven News Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုး၏ သတင်း ပေးပို့မှုအရ သိရှိရပါသည်။

ယနေ့ နံနက်ပိုင်းတွင် ထိုင်နိုင်ငံ အစိုးရအိမ်တော်၌ ပြုလုပ်သည့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ် တို့အား တွေ့ရစဉ်(Photo- Weekly Eleven News Journal)


နိုင်ငံတော် သမ္မတဦးသိန်းစိန် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးနေစဉ်(Photo- Weekly Eleven News Journal)  


မြန်မာ-ထိုင်း နားလည်မှု စာချွန်လွှာ ရေးထိုးပွဲ


ထိုင်းနိုင်ငံ အစိုးရ အိမ်တော်တွင် မြန်မာ-ထိုင်း နာလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေကြစဉ်
(Photo- Weekly Eleven News Journal)

 


ယနေ့ နံနက်ပိုင်းတွင် ထိုင်နိုင်ငံ အစိုးရအိမ်တော်၌ ပြုလုပ်သည့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးမှုအပြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ် တို့မှ မီဒီယာများအား ရှင်းလင်း ပြောကြားနေစဉ်
(Photo- Weekly Eleven News Journal)