Pages

Wednesday, July 4, 2012

‘ကျွန်တော်တို့ချစ်သော မန္တလေး’ စာနယ်ဇင်းမိတ်ဆက်ပွဲကျင်းပ

မိုးနတ်သူမီဒီယာက ကြီးမှူးကျင်းပသည့် ‘ကျွန်တော်ချစ်သောမန္တလေး’ စာစောင်ထုတ်ဝေခြင်း၊ စာပေစကားဝိုင်းအဖြစ်ဟော ပြော ဆွေးနွေးခြင်းနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပခြင်းတို့ပြုလုပ်သွားမည်ဖြစ်ရာ ‘ကျွန်တော်ချစ်သောမန္တလေး’ စာစောင်အတွက် ဆောင်းပါးနှင့် ဝတ္ထုစာမူများကို ၁ဝ-၁ဝ-၂ဝ၁၂နေ့နောက်ဆုံးထား၍ မန္တလေးမြို့ ၏ ပြယုဂ် အလင်္ကာစာပေထုံး တမ်းစဉ်လာယဉ်ကျေးမှု၊ လူနေမှုဘဝ တို့ကို ဖော်ကျူးပြီးမိုးနတ်သူမီဒီယာမန္တလေးတက္ကသိုလ် အနောက်ဘက် ရန်ကုန်-မန္တလေးလမ်းမကြီး၊ ခင်စောမူကွေ့၊ မန္တလေးမြို့သို့ လိပ်မူပြီး မည်သူမဆို ပေးပို့နိုင်ပါသည်။ ‘ကျွန်တော်တို့ချစ်သောမန္တလေး’ ဆောင်းပါးရွေးချယ်ခံရပါက ပထမဆု ၃သိန်း၊ ဒုတိယ ၂သိန်း၊ တတိယဆု ၁သိန်း၊ နှစ်သိမ့်ဆု ၅သောင်း ၃ဆုတို့ ချီးမြှင့်သွားမည်ဟု သိရကာ၊ ပြိုင်ပွဲဝင်ဆောင်းပါးမှာ စာလုံးရေ ၃ဝဝဝမှ၊ ၅ဝဝဝ အတွင်းရေးသားနိုင်ပြီး၊ ကွန်ပျူတာနှင့် ရိုက်နှိပ်ပါက  A4ဆိုဒ်တစ်ရွက်လျှင် တစ်မျက်နှာသာရိုက်နှိပ်ပေးပို့ရမည်ဟုသိရပြီး ဆောင်းပါး၏ စာမျက်နှာတွင်ရေးသားသူ၏အမည်နှင့် အခြားအမှတ်အသားများ မပါ ရကြောင်းသိရသည်။ ရေးသားသူ၏ အမည်၊ မှတ်ပုံတင်၊ ကိုယ်ရေး အကျဉ်း၊ ပတ်စပို့ဓာတ်ပုံ၂ပုံ၊ နေရိပ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် ကိုယ်တိုင်ရေးသားကြောင်းတို့ကို သီးခြားစာရွက်တွင် ဖော်ပြရမည်ဟုသိရသည်။

ပေါ်ပြူလာ