Pages

Thursday, July 5, 2012

တိုင်းရင်းသားလူမျိုး ၀န်ကြီးများအား တိုင်းဒေသကြီှးနှင့် ပြည်နယ် အစိုးရ အဖွဲ့တွင် ထည့်သွင်းရန် အဆိုတင်သွင်း



မောင်ပိုင် - နေပြည်တော်
တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးများနှင့် ရာထူးအလျောက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးဖြစ်ပြီးသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌများ အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့ ၊ အဖွဲ့ဝင် အဖြစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲစည်းပုံ အခြေခံနှင့်အညီ ထည့်သွင်း ဖွဲ့စည်းပေး ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းပေးပါရန် အဆိုကို ရခိုင်ပြည် နယ် မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ယနေ့ကျင်းပသော ပထမအကြိမ် လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။