Pages

Tuesday, July 3, 2012

ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဒေသခံတွေ နေထိုင်စရာ အခက်တွေ့ (ရုပ်-သံ)


BurmaVJ;Tue, Jul 3rd, 2012


ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့်
မကွေးတိုင်း ပွင့်ဖြူမြို့နယ်က ဇီးကျွန်း ကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးတွေ ပြိုခဲ့သလို လူနေအိမ်တွေလည်း ပါသွားတာကြောင့်
အခု အဲဒီသူတွေမှာ နေထိုင်စရာ အခက် တွေ့နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကမ်းပါး ပြိုကျရာမှာ လူပါရောပြီး ပါသွားခဲ့သူလည်း ရှိခဲ့တယ်လို့
သိရပါတယ်။ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ဒီရွာလေးမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေဟာ နောက်ထပ် ကမ်းပါးပြိုရင် ပါသွားနိုင်တဲ့အတွက်
ရွှေ့ဖို့ လိုအပ်နေတယ်လို့လည်း ဒေသခံက ဆိုပါတယ်။ အလားတူပဲ အနီးအနားက ကျေရွာတွေမှာလည်း ကမ်းပါး ပြိုကျတာတွေ ရှိခဲ့ပါတယ်။