Pages

Sunday, July 15, 2012

ဘင်္ဂလားဒေ့ရှ်မှလာသော စက်လှေတစ်စီးကို ရေတပ်မှပစ်ခတ်ဖမ်းဆီး


Photo: စစ်တွေတွင် ဘင်္ဂလီလူမျိုး(၈)ဦးဖမ်းဆီးရမိ
ယနေ့(၁၅-၇-၂၀၁၂)နေ့ မွန်းလွဲ ၂း၃၀ ကျော်ခန့်တွင် ဂစ္ဆပနဒီမြစ်အတွင်းတွင် ဘင်္ဂလီလူမျိုး(၈)ဦးအား မြန်မာ့ရေတပ်မတော်မှ ကင်းလှည့်လည်စဉ် ဖမ်းဆီးရမိကြောင်းသိရပါသည်။ အဆိုပါ ဘင်္ဂလီလူမျိုး (၈)ဦးမှာ ဘင်္ဂလားဒေ့်ရှ်မှခိုးဝင်လာသူဖြစ်ကြောင်းလောလောဆယ်သိရသည်။ ဖမ်းဆီးရမိသူများမှာ (၁) နူရ်အာလောင်(ဘ)ယာကုတ် (၂) မာဆင်(ဘ)နူရ်အာလောင် (၃) အဏ္ဏ၀ါဂ(ဘ) နူရ်ဂုလ်၊ ဆာဒဲလ်(ဘ) နူရ်ဂုလ်ဆလပ်(၅) မိုဟာမတ်အီနုစ်(ဘ)အီလီယတ်ခ် (၆) နူရ်မာမောက်(ဘ)အဒူရာမိတ် (၇) ဆွေယော့ဒူလာမီရ်(ဘ)နူရ်ရာလောင် (၈) မာမတ်အာလောင်(ဘ)ဆွေယော့ဆာလမ် တို့ဖြစ်သည်။ (၈) ဦးအနက် (၁)ဦးမှာ ဦးခေါင်းတွင် ဒါဏ်ရရရှိသွားသဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ကုသထားလျှက်ရှိပြီး၊ ကျန်(၇)ဦးအား စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်၍ စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရှိရသည်။


ယနေ့မနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အပိုင် ဆင်တပ်မော်ကျွန်းပေါ်ရှိ စစ်ကဲပြင်ရွာအနီးသို့ စက်လှေတစ်စီးချည်းကပ်လာရာ ရေတပ်သင်္ဘောမှ စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို မနာခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့သည်။

စက်လှေပေါ်တွင် အမျိုးသားရှစ်ဦးပါရှိပြီး ပစ်ခတ်မှုကြောင့် အဒူဆလင်(၂၅နှစ်) ၏ခေါင်းကိုထိမှန်ခဲ့သည်။ ၎င်းကို စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ကျန်ရှိသူများကို စစ်ဆေးမေးမြန်းမှုများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နပ်ဖ်မှလာသူများဖြစ်ကြောင်း သိရသည်ဟု စစ်တွေမြို့မှ မျက်မြင်သက်သေတစ်ဦးက YPI သို့ပြောသည်။

စက်လှေရပ်တန့်စေရန် ရေတပ်က ခြောက်လှန့်ပစ်ခတ်စဉ် စက်လှေပေါ်မှ လက်နက်များ ရေထဲသို့ပစ်ချခဲ့သည်ဟု ယူဆရသောကြောင့် ၎င်းနေရာတစ်ဝိုက်တွင် ရေငုပ်သမားများဖြင့် ရှာဖွေလျှက်ရှိသည်။

ဆင်တပ်မော်ကျွန်းသည် စစ်တွေမြို့မှ စက်လှေဖြင့် နာရီဝက်ခန့်သွားရသော အကွာအဝေးတွင်ရှိသည့် ရခိုင်လူမျိုးများနေထိုင်ရာ ကျွန်းတစ်ကျွန်းဖြစ်သည်။

တက်ခ်နပ်ဖ်သည် ရခိုင်ပြည်နယ် မောင်တောမြို့၏ တစ်ဖက်ကမ်း နတ်မြစ်ဝ အနီးတွင်တည်ရှိသည်။ ။