Pages

Tuesday, July 31, 2012

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် အဖွဲ့ မောင်တောသို့ ရောက်ရှိ

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနှင့် အဖွဲ့သည် ယနေ့ နေ့လည် ၁၂ နာရီခန့်က ရဟတ်ယာဉ် နှစ်စီးနှင့် အတူ မောင်တောမြို့သို့ ရောက်ရှိလာကြောင်း  သိရသည်။
ဓာတ်ပုံ- နိရဉ္စရာ
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနှင့် အဖွဲ့သည် ယနေ့ နေ့လည် ၁၂ နာရီခန့်က ရဟတ်ယာဉ် နှစ်စီးနှင့် အတူ မောင်တောမြို့သို့ ရောက်ရှိလာကြောင်း  သိရသည်။
“ တစ်စီးက ဘော်လုံးကွင်းမှာ ရပ်ထားပါတယ်။ နောက်တစ်စီးက ကညင်တန်း BAG  အနီးမှာ ရပ်ထားပါတယ်။ အခုက သူတို့ ခရိုင် အုပ်ချုပ်ရေးရုံးမှာ ဆွေးနွေးနေကြပါတယ်” ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။
ယခုအခါ ရခိုင်အမျိုးသား ၅၀၀ ခန့်က ကုလသမဂ္ဂ ကိုယ်စားလှယ်အား ကြိုဆိုရန် သဇင် တည်းခိုရိပ်သာ အနီးတွင် စောင့်ဆိုင်းနေကြပြီး တစ်ချို့လည်း ဆိုင်းဘုတ်များ ပိုစတာများကို ကိုင်ဆောင်ထားကြသည်ဟု မျက်မြင်များက ပြောသည်။
၎င်းပိုစတာများတွင်  (၁) နိုင်ငံတော်သမ္မတကြီးဆုံးဖြတ်ချက်ကိုလေးစားပါ။ (၂) မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကိုလေးစားပါ။ (၃)တိုင်းရင်းသားတို့၏ လူအခွင့် ရေးကို လေးစားပါ။(၄) မျှမျှတတ ဆက်ဆံပါ ဟု ရေးသားထားသည်ဟု ပြောသည်။
ယခု အချိန်ထိ လူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် အဖွဲ့မှာ ခရိုင်ရုံးမှ ထွက်မလာသေးကြောင်း သိရသည်။
ယခု လက်ရှိ မောင်တောမြို့တွင် လုံခြုံရေး ထူတပ်စွာ ချထားပြီး နေရာတိုင်းကို စစ်တပ်က လုံခြုံရေး ယူထားသည်ဟု သိရသည်။
(သတင်းများ ဆက်လက် ဖေါ်ပြပါမည်။)
နိရဉ္စရာ