Pages

Sunday, July 22, 2012

ပေါရဲလိုက်တာ ..သွပ် သွပ် သွပ်

သူရဘွဲ့များရှင် ဦးအောင်သိန်းလင်း

“ သေနတ်မှန်ပြီး ၁၃ချက် ချုပ်ရပေမယ့် လူဆိုးပုံ မပေါက်ဘူးမဟုတ်လား။ လူဆိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ လူဆိုးတွေ မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့က စစ်သူရဲကောင်းတွေပါ။ သူရဘွဲ့ နှစ်ခါရထားတာ တိုင်းပြည်အတွက် အမြင့်မြတ်ဆုံး စွန့်လွှတ်ခဲ့တဲ့သူတွေပါ။ အဲဒီလူတွေက ဒီကနေ့ လူဆိုးတွေလိုဖြစ်အောင် ပုံသွင်းနေကြတာကို အလွယ်တကူ မယုံကြပါနဲ့။ လူဆိုးတွေ ဖြစ်အောင် လူရိုင်းတွေ ဖြစ်အောင် ပုံသွင်းနေကြတယ်။ မယုံပါနဲ့။ တကယ်တန်း ကျွန်တော်တို့ လုပ်လာတာဟာ ကိုယ့်တိုင်းပြည် ကျွန် မဖြစ်အောင်လို့ ကျွန်တော်တို့ ဦးတည်ပြီးလုပ်ခဲ့တာ။ သူများ သြဇာခံ မရောက်ရေးကို ကျွန်တော်တို့ ဦးတည် ကြိုးစားခဲ့ကြတာ။ အခုလည်း တော်တော်လေး ရုန်းကန် နေကြရပါတယ်။ အခုပိုပြီးတော့ ရုန်းကန်နေရတဲ့ သဘောရှိတယ်”” ဟူ၍ တပ်မတော်သားဟောင်း တစ်ဦးဖြစ်သူ ဦးအောင်သိန်လင်းက သတင်းသမားများကို တွေ့ဆုံရာတွင် ပြောကြားသည်  ဟု Myanmar Independent News 
ဂျာနယ် တွင်ဖော်ပြထားသည်။
ဒီလိုခပ်ကြောင်ကြောင်ပေါတောတောစကားကိုပြောယုံသာမက ၊မဲဆွယ်တုန်းကလည်းပြောင်းဖူးတွင် “မ”စာလုံးကိုရေးပြီး “မပြောင်းဖူး” ဆိုတဲ့အဓိပ္ပာယ်နဲ့ လူတွေအကြားလျှောက်သွားဘူး၏။
ကိုယ်စားလှယ်တော်ကြီး   ပေါရဲလိုက်တာ ..သွပ် သွပ် သွပ် ...