Pages
▼
"မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် အဆို တင်သွင်း"
ယနေ့ ပြည်သူ့လွှတ်တော် အစည်းဝေးတွင်သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၅၁
နည်းဥပဒေခွဲ (ခ) အရ မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄)
ကို ရုပ်သိမ်းသည့်ဥပဒေကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် အဆို
တင်သွင်းခဲ့ကြောင်းသိရသည်။
ယင်းအဆိုကို ပြည်ထဲရေး ဒု-၀န်ကြီးမှ
ရုပ်သိမ်းသင့်ကြောင်း ပြောကြားသော်လည့်း ဦးသိန်းညွန့်က လွှတ်တော်၏
အဆုံးအဖြတ်ကိုသာ ခံယူမည်ဟု ဆိုသည့်အတွက်ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ
ယင်းအဆိုကို ရုပ်သိမ်းရန်အစား မတရားအသင်းများ အက်ဥပဒေ (၁၉၀၈ ခုနှစ်
အန္ဒိယအက်ဥပဒေ ၁၄) ကို လွှတ်တော်က ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်အတွက်
လက်ခံဆွေးနွေးရန် ပြောင်းလဲစေခဲ့ခြင်းကို လွှတ်တော်က သဘောတူသည့်အတွက်
မတရားအသင်းအက်ဥပဒေအား ပြင်ဆင်ရန်၊ ပယ်ဖျက်ရန် ဆွေးနွေးရန် လွှတ်တော်က
လက်ခံခဲ့ကြောင်းသိရသည်။