Pages

Tuesday, July 10, 2012

လူသိမများသေးတဲ့ ဦးမြင့်ဆွေ

Tuesday, July 10, 2012 ဧရာဝတီ


ဧပြီလ အခမ်းအနားတခုမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးမြင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)

ဦးမြင့်ဆွေက မကြာခင် ဒုသမ္မတတာဝန် ယူရတော့မယ့်သူပါ။
သူ့လုပ်ရပ်များနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်အများအပြားကိုတော့ အင်တာနက်မှာ ဖတ်ပြီးကြပြီးဖြစ်မှာပါ။
စစ်တပ် နဲ့ ကာကွယ်ရေးဦးချုပ်ကတော့ သူ့ကို ထိုးတင်လိုက်ပါပြီ။
ဦးမြင့်ဆွေ အရပ်သားအစိုးရလက်ထက်မှာ တိုင်းဝန်ကြီးချုပ်အဖြစ် ကာလအတန်ကြာ ဘာတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာတွေကိုလည်း မကြာခင် ပြောဆိုရေးသားကြတော့မယ်လို့ ယူဆရပါတယ်။

ပေါ်ပေါက်လာမယ့် ဒုသမ္မတဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်မယ့်သူ ဖြစ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်ကပဲ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အရပ်သားအစိုးရလက်ထက် ယူနီဖောင်းပြောင်းဝတ်ထားတဲ့ အစိုးရခေါင်းဆောင်များနဲ့ အလွတ်သဘော၊ အလုပ်သဘော တွေ့ဆုံပြီးပါပြီ။

ဦးတင်အောင်မြင့်ဦးနဲ့တော့ မတွေ့ဖြစ်ခဲ့ပါဘူး။

ဒုသမ္မတ ဖြစ်လာတော့မယ့် ဦးမြင့်ဆွေနဲ့ ဧပြီလက ရန်ကုန်မြို့ ဥရောပသမဂ္ဂရုံးသစ်ဖွင့်ပွဲမှာ တွေ့ခဲ့ကြပါတယ်။ နုတ်ခွန်းဆက်စကား သို့မဟုတ် မိတ်ဆက်စကားပဲ ဆိုဖြစ်ခဲ့ကြမယ်လို့ ယူဆရပါတယ်။


ဧရာဝတီအွန်လိုင်းမှာလည်း ဦးမြင့်ဆွေ နဲ့ ပတ်သက်ပြီး ခန့်မှန်းချက်၊ သုံးသပ်ချက်များကို ထည့်သွင်းခဲ့ပြီးဖြစ်ပါတယ်။

သတင်းသုံးသပ်ချက်

ဦးမြင့်ဆွေ ဒု-သမ္မတ ဖြစ်လာမလား