Pages

Wednesday, July 4, 2012

ဒေါ်အောင်ဆန်းစုကြည်ဥရောပခရီးစဉ် သတင်းစာ ရှင်းလင်း(ရုပ်-သံ)


BurmaVJ: Wed, Jul 4th, 2012


ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၃ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်နှင့်ပတ်သတ်၍ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်က ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပါသည်။ ဗွီဒီယိုဖိုင်အောက်ဘက်မှာရှိသည်
အဲ့ဒီ သတင်းစာရှင်းလင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယကအဖွဲ့ဝင်များဖြစ်သည့် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်းတို့လည်း တက်ရောက်ခဲ့ပြီး ပြည်တွင်း ပြည်ပ သတင်းထောက်များလည်း တက်ရောက်ခဲ့ကြပါသည်။ သတင်းထောက်များမှ ဒေါ်အောင်ဆန်းစုကြည်အား ဥရောပခရီးစဉ် အတွေ့အကြုံ၊ ပညာရေးကဏ္ဍ၊ ဗမာနှင့် မြန်မာ အသုံးအနှုန်း၊ ရခိုင်ပြည်နယ်အရေးတို့ကို အလေးထား မေးမြန်းသွားကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ သတင်းထောက်တဦးချင်းစီ၏ မေးခွန်းများကို အပြန်အလှန် ဖြေကြားသွားခဲ့ပါသည်။