Pages

Tuesday, July 17, 2012

ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ကြောင်း ဘင်္ဂလီလူမျိုးသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်


ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ကြောင်း ဘင်္ဂလီလူမျိုးသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်စာနှင့် တိုကျိုမြို့UNရုံးရှေ့မှာ ပြုလုပ်မယ့် ရခိုင်ပြည်နယ်တိုင်းရင်းသား အရေး ဆန္ဒထုတ်ဖော်ပွဲ ဖိတ်ကြားစာ၊ ဂျပန်နိုင်ငံရောက် ဘင်္ဂလီအသင်း၏ သမ္မတထံပေးစာ..
http://www.demowaiyan.org/2012/07/blog-post_17.html
နောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် ဘင်္ဂလီအရေးကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ကြောင်း ဘင်္ဂလီလူမျိုးသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ အဖွဲ့အစည်းများမှ ၂၀၀၇ခုနှစ် မတ်လ(၁၈)ရက်နေ့ ကတည်းက သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်...။

ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြားခြင်း

ဂျပန်နိုင်ငံရှိ မြန်မာမာ့ဒီမိုကရေစီအင်အားစုနှင့် လုပ်ဖေါ်ကိုင်ဖက်များ ခင်ဗျား

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်း ဒေသအတွင်း ဖြစ်ပွါးနေသည့် ပဋိပက္ခသည် မြန်မာနိုင်ငံ၏ အနာဂတ် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြီးမားသော ဆိုးကျိုးသက်ရောက်မှုကို ဖြစ်နိုင်သည့်အတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့၏ သဘောထား ဆန္ဒများကို ထုတ်ဖေါ်ပြသရန် အချိန်ကျရောက်ပြီ ဖြစ်ပါသောကြောင့် လာမည့် ဇူလှိုင်လ(၁၈)ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် တိုကျိုမြို့ ရှီဘူယရှိ UN ရုံးအရှေ့သို့ လာရောက် ပူးပေါင်း ပါဝင်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

တာဝန်ယူ ကျင်းပပေးသောအဖွဲ့အစည်း

ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan

နေ့ရက်။ ။ ၂၀၁၂ ခုနှစ် ဇူလှိုင်လ (၁၈)ရက်၊ ဗုဓ္ဒဟူးနေ့

အချိန်။ ။ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီ အထိ

နေရာ။ ။ ရှီဘူယ UN အဆောက်ဦးရှေ့

ထို့အတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့က ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြ ပွဲမှာအသနားခံစာ ပေးပို့ခဲ့တဲ့ ဂျပန်နိုင်ငံရောက် ဘင်္ဂလီအဖွဲ့အစည်းရဲ့ သမ္မတကြီးဦးသိန်းစိန်ထံသို့ ပေးပို့တဲ့ အသနားခံစာမှာ တပြောင်းတပြန် ဘာတွေ ရေးထားတယ်ဆိုတာကို အားလုံး လေ့လာနိုင်အောင် ဒီလင့်ခ်မှာ သွားကြည့်ကြပါ။
http://www.rohingyablogger.com/2012/07/blog-post_44.html