Pages

Tuesday, July 17, 2012

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်အခန်းအနားတက်မည်

လာမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမဲ့ အာဇာနည်နေ့အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ပြောကြားပါတယ်။ အစိုးရက အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်တွေအတွက် သီးသန့်အစီအစဉ်အဖြစ် ဂါရ၀ပြုဖို့ သတ်မှတ်ထားကြောင်း ၊ အစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဂါရ၀ပြုမှာဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။

အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေချ ဂါရ၀ပြုပြီးနောက်
ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရုံးချုပ်မှာ ကျင်းပမဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားမှာဖြစ်ကြောင်း သိရပါတယ်။