Pages

Thursday, July 26, 2012

မြန်မာနိုင်ငံ တောင်ပိုင်းမှာ တရားမဝင်ခိုးဝင်မှုနဲ့ဖမ်းထားတဲ့ ထိုင်းနိုင်ငံသား ၉၂ ဦးကို တယောက်ကို ထောင်ဒဏ် ၃ နှစ်နဲ့ ၆ လဆီ - စီရင်

 
မြန်မာနိုင်ငံ တောင်ပိုင်းမှာ တရားမဝင်ခိုးဝင်မှုနဲ့ဖမ်းထားတဲ့ ထိုင်းနိုင်ငံသား ၉၂ ဦးကို တယောက်ကို ထောင်ဒဏ် ၃ နှစ်နဲ့ ၆ လဆီ - စီရင်လိုက်တယ် လို့သတင်းရရှိပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ကော့သောင်းမြို့နယ် တရားရုံးမှာ စီရင်ချက် ချလိုက်တာလို့ အမည်မဖေါ်လိုသူ လဝကအရာရှိတဦးကပြောပါတယ်။

ဒီကိစ္စကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုပြောဆိုပြီး၊
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအရာရှိတွေက သူတို့နဲ့
တွေ့ခွင့်တောင်းထားတယ်လို့ဆိုပါတယ်။

အရေးယူခံလိုက်ရတဲ့ ထိုင်းနိုင်ငံသားတွေကို ဒီလဆန်းပိုင်းမှာ
မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတခုမှာ ဖမ်းမိသွားတာပါ။ သူတို့ဟာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာလာပြီး လုပ်ကိုင်ကြသူတွေလို့သိရပါတယ်။

မြန်မာအစိုးရ သတင်းဌာနရဲ့ အဆိုအရတော့ ဒီလူတွေဟာ မြေဧက (၁၅၀၀) မှာ ရာဘာစိုက် နေကြတာဖြစ်ပြီး၊ သူတို့ဆီမှာ လက်နက်ခဲယမ်း မီးကျောက်တွေ သိမ်းဆည်းရမိ တယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံက သတင်းဌာနတခုရဲ့အဆိုအရ အဖမ်းခံရသူထဲကတချို့ဟာ အဲဒီမြေတွေပေါ်မှာ ဆေးခြောက်စိုက်နေကြတာလို့သိရပါတယ်။