Pages

Wednesday, July 11, 2012

ကျောင်းများဝန်းကျင်ရှိ ယမကာဆိုင်များကို ပိတ်သိမ်းတော့မည်

မြန်မာတစ်နိုင်ငံလုံးရှိ တက္က သိုလ်၊ ကောလိပ်နှင့်ကျောင်းများ ပတ်ဝန်းကျင်တွင်အရက်၊ ဘီယာ ဆိုင်များဖွင့်လှစ်ခြင်းမပြုရန်နှင့် ဖွင့် လှစ်ထားသည့် ဆိုင်များအား ပိတ် သိမ်းသွားရန် မေလ ၂၇ ရက် နေ့ တွင်ညွှန်ကြားထားကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
တိုင်းဒေသကြီး အသီးသီးရှိ မြို့ နယ်များမှ စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် ဒီဂရီကောလိပ်များ၏အနီးပတ်ဝန်းကျင်တွင် မူးယစ်သေစာရောင်းချသည့် အရက်ဆိုင်များ၊ ဘီယာဆိုင်များကို ရောင်းချ ဖွင့်လှစ်ခွင့်ပိတ်ပင်လိုက်ပြီး ကျောင်းသားများလက်ဝယ်တွင် စကေဘာ၊ ဓား၊ လက်နက်များနှင့် ချွန်ထက်သည့် ပစ္စည်း များမထားရန်နှင့် ကိုင် ဆောင်ခြင်းမပြုရန် အသိပညာပေး ဟောပြောခြင်းများပြုလုပ်သွားကြမည် ဖြစ်ကြောင်း သိရသည်။
”အကွာအဝေးသတ်မှတ် ထားတာမျိုးတော့ မရှိသေးဘူး။ ကျောင်းတွေ တက္ကသိုလ်တွေ ဝန်းကျင်မှာသင့်တော်သလို လုပ်သွားကြရမှာပါ။ စီမံချက်အရ မဖြစ်မနေ လုပ် ဆောင်သွားရမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထို့အပြင် ကျောင်းအနီးပတ် ဝန်းကျင်ရှိ ဈေးဆိုင်များတွင် ဆိုးဆေးပါအစားအသောက်များ၊ ယင်နားစာများနှင့် လက်သုပ်မုန့်မျိုးစုံတို့ကို သန့်ရှင်းမှု ကင်းမဲ့စွာ ရောင်းချနေခြင်းများကို တားမြစ်သွားရန် လိုအပ်ကြောင်း ဒဂုံ ၁ အနီးရှိ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။’ ‘ကျောင်းဘေးပတ်ဝန်းကျင်က  အသုပ်တို့၊ ကိုရီးယား အကင် တွေဆိုရင် ဘာတွေပါလို့ ပါမှန်းမသိ ဘူး။ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်တုန်းကတော့ ကျောင်းနံဘေး တွေမှာ ကန့်သတ် နယ်မြေတွေလုပ် ခဲ့ဖူးတယ်” ဟု ၄င်းက ထပ် လောင်းပြောသည်။
အောင်ထက်(N.Y.K)