Pages

Sunday, July 22, 2012

အသက် ၁၈ နှစ်အရွယ် ထိုင်ဝမ်လူငယ်တယောက် နာရီပေါင်း ၄၀ ကြာ ဂိမ်းဆက်တိုက်ကစားပြီးသေဆုံးသွား


 

အသက် ၁၈ နှစ်အရွယ် ထိုင်ဝမ်လူငယ်တယောက် နာရီပေါင်း ၄၀ ကြာ ဂိမ်းဆက်တိုက်ကစားပြီး ဇူလိုင်လ ၁၅ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

ထမင်းမစား ဟင်းမစားဘဲ ထိုင်ဝမ် တောင်ပိုင်းက အင်တာနက်ဆိုင်တဆိုင်မှာ Diablo III ကို ကစားပြီး သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဒီလူငယ်နဲ့ဆိုရင် ထိုင်ဝမ်မှာ ဒီနှစ်အတွင်း ဗွီဒီယိုဂိမ်းကစားရင်းသေတာ ၂ ယောက် ရှိပါပြီ။

ပထမတယောက်ကတော့ သူ့ထက် အသက်ကြီးပါတယ်။ ၂၃ နာရီ ဆက်တိုက်ကစားတာမို့ နှလုံးရပ်ပြီး သေဆုံးသွားတာပါ။

တရုတ်၊ တောင်ကိုရီးယားနဲ့ UK နိုင်ငံတွေမှာလည်း ဗွီဒီယိုဂိမ်းကစားရင်း သေဆုံးမှုတွေရှိခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အဲ့ဒီလို အဖြစ်အပျက်မျိုး အခုထိ သတင်းထွက်လာတာ မရှိသေးပါဘူး။

ဧရာဝတီ blog