Pages

Monday, July 30, 2012

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဂျေ ကန်တာနာနှင့် ၈၈မျိုးဆက်ကျောင်းသားများ တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေး

Photo-88 Generation Students

ယနေ့ ဇူလိုင်လ ၃၀ ရက် ညနေ ၄း၄၀ နာရီတွင် ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ UNDP ရုံး၊ ဦးသန့်ခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဂျေ ကန်တာနာနှင့် ၈၈မျိုးဆက်ကျောင်းသားများ တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးကြရာတွင် ၈၈ မျိုးဆက်ကျောင်းသားများမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ပြုံးချို၊ မြအေးနှင့် ဂျင်မီ တို့က ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ်အတွင်း ယခင်ဖြစ်ပျက်ခဲ့မှုများနှင့် လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများ၊ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော လယ်ယာမြေပြဿနာ၊ အလုပ်သမားပြဿနာ အစရှိသည့် လက်ရှိမြန်မာနိုင်ငံတွင်း အခြေအနေများနှင့် နိုင်ငံရေးအကျဉ်းသား ကိစ္စရပ်များကို လူ့အခွင့်အရေးဆိုင်ရာ ဆက်စပ်မှုများနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုဆွေးခဲ့ကြသည်။
88 Generation Students(facebook)