Pages

Tuesday, July 3, 2012

အထက်ဗမာပြည် ဗကသ ခေါ်ယူ သတိပေးခံရ


 Mon, Jul 2nd, 2012 Burma VJ

   ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ် အထက်ဗမာပြည် အလုပ်ကော်မတီမှ ကိုမင်းခန့်၊ ကိုမိုးထက်နေ၊ ကိုအောင်မှိုင်းဆန်း၊ ကိုရဲရင့်ကျော်၊ ကိုသန်းထိုက်တို့ ငါးဦးအား မန္တလေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူးမှ နေ့လယ် ၁၁း၃၀ နာရီအချိန်တွင် 7 July ကိစ္စနှင့် ပတ်သတ်၍ တွေ့ဆုံ ဆွေးနွေးရန် သတင်းတပ်ဖွဲ့ (SB) မှတဆင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ တွေ့ဆုံရန် ချိန်းဆိုမှုအကြောင်း အသိပေးချိန်မှာ နံနက် ၉း၄၅ မိနစ်ဖြစ်ပြီး တရားဝင် စာထုတ်ပြန်ခြင်းမရှိဘဲ တယ်လီဖုန်းမှတဆင့် ဆက်သွယ် အသိပေးခဲ့ခြင်းသာ ဖြစ်ကြောင်း သိရှိရပါသည်။