Pages

Tuesday, July 17, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆီးနိတ်အမတ် မစ်ခ်ျမက္ကောနယ် ဆွေးနွေး



ပထမအကြိမ် ပြည်သူ့လွှတ်တော် စတ္ထုထပုံမှန် အစည်းအဝေးကို နေပြည်တော် ဥတ္တရသီရိ၌တက် ရောက်နေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင် ဆန်းစုကြည်သည်၂၀၁၂ခု၊ဇူလိုင်၊၁၆ရက် နေ့ည(၈)နာရီက အမေရိကန်အထက်လွှတ်တော်အမတ်မစ်ခ်ျမက္ကောနယ်နှင့်
တယ်လီဖုန်းဖြင့်ဆက်သွယ် ကာ Burma Freedom and Democracy Act (BFDA)
ကိုဆွေးနွေးသည်။

ယင်းသို့ဆွေးနွေးရာတွင် မြန်မာအမေရိကန်ချစ်ကြည်ရေးတိုးတက်လာစေရန်
ကိစ္စ၊မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများအရှိန်အဟုန်မြှင့်လာစေရန်နှင့်
 မြန်မာပြည်လူထုဘ၀များပိုမိုကောင်းမွန် တိုးတက်လာစေရန်တို့ကို အခြေခံပြီးဆွေးနွေးကြကြောင်းသိရသည်။

တာဝန်ခံ
ဗဟိုပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


DASSK | Online Karaoke