ပြီးခဲ့သည့်မတ်လအတွင်းက အသိမ်းခံရမည်ဟု သတင်းထွက်ခဲ့သော ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မြေယာများကို တွေ့ရစဉ်
၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁/၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်
ရက်စွဲဖြင့် လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါ လယ်ယာမြေဥပဒေ၌
တောင်သူလယ်သမား၏ အကျိုးစီးပွားကာကွယ်မှု နည်းပါးနေသောကြောင့် သြဂုတ်လအတွင်း
ပြင်ဆင်ပြဌာန်းနိုင်ရန် စီစဉ်နေကြောင်း ဇွန်လ၂၇ရက်နေ့၊ ဆီဒိုးနားဟိုတယ်တွင်
ကျင်းပခဲ့သော စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(FSWG-The
Food Security Working Group)၊ မြေလုပ်ငန်းအဖွဲ့ခွဲ(Land Core Group,LCG) ၏
လုပ်ငန်းစီမံချက်ကို တင်ပြခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်း
အခမ်းအနားတွင် ဆွေးနွေးပြောကြားချက်များအရ သိရှိရသည်။