Pages

Friday, July 6, 2012

တရားမျှတမှုအတွက် မြစ်ကြီးနား ရှိကချင်ပြည်သူလူထု တစ်ထောင်ကျော်ခန့် ဆန္ဒဖော်ထုတ်တောင်းဆို

သောကြာနေ့၊ ဂျူလိုင်လ ၆၊ ၂၀၁၂

ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံကချင်ပြည်သူလူထုများ အင်အားတစ်ထောင်ကျော်ခန့် မှ မြစ်ကြီးနားမြို့ တွင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်နေရာ တောင်းဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
...
(၁) မြစ်ကြီးနားမြို့ နှင့် ၀ိုင်းမော်မြို့ ပေါ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော စစ်ဘေးဒုက္ခသည်များ၏ လုံခြုံရေး ကိစ္စအ၀၀ အား လက်ရှိမြန်မာအစိုးရ မှ လုံးဝ တာဝန်ယူပေးရန် ။
(၂) မတရားသဖြင့် ဖမ်းဆီးခံထားရသော ဦးဘရန်ရှောင်အား အမြန်ဆုံးပြန်လည်လွတ်ပေးရန်။
(၃) စစ်ဘေး ဒုက္ခသည်များ၏ လူ့ အခွင့်အရေးများအား လေးစားလိုက်နာရန် ။
(၄) တရားမျှတမှု ကို လေးစားလိုက်နာ ကျင့်သုံးသွားရန် ။
တို့ ဖြစ်ကြောင်းသိရသည်

 







photo..Kdng Kachin