Home »
ပြည်တွင်းသတင်း
 , 
ပြည်သူ့လွှတ်တော်
 » တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများအား တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းပေးရန် အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ နည်းပါး၍ အတည်မပြုနိုင်ခဲ့
 
တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများအား တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းပေးရန် အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ နည်းပါး၍ အတည်မပြုနိုင်ခဲ့
	| 
		Sunday, 15 July 2012 14:03	 | 
| 
  
 
တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးများနှင့် ရာထူးအလျောက် 
တိုင်းဒေသကြီး(သို့) ပြည်နယ်ဝန်ကြီးဖြစ် ပြီးသော 
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦး 
စီးအဖွဲ့ဥက္ကဋ္ဌများအား တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် 
အဖြစ် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ 
ထည့်သွင်းဖွဲ့စည်းပေးပါရန် အဆိုအား အမျိုးသားလွှတ်တော်တွင် 
လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးအပြီးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက 
အတည်မပြုဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းအဆိုနှင့်ပတ်သက်၍ ဒုတိ ယရှေ့နေချုပ် ဦးထွန်းထွန်းဦးက 
“တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးများနှင့် ရာထူးအလျောက် တိုင်းဒေသကြီး 
(သို့) ပြည်နယ်ဝန်ကြီး ဖြစ်ပြီးသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(သို့) 
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌများအား တိုင်းဒေသကြီး 
(သို့) ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် အဖြစ် ပြည်ထောင်စုသမ္မတ 
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ 
ထည့်သွင်းဖွဲ့စည်းပေးပါရန် နဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်က 
လမ်းညွှန်ပြသပေးပါက သက်ဆိုင်ရာဥပဒေအလိုက် ထုတ် ပြန်ပိုင်ခွင့်ရှိတဲ့ 
အဖွဲ့အစည်းတွေက လိုအပ်သလို ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုတာဝန်နဲ့
 လုပ်ပိုင်ခွင့်အသီးသီးကို သတ်မှတ်ထုတ်ပြန်နိုင်ရန် 
လမ်းညွှန်မှုများချမှတ်နိုင်ရေး အတွက် စဉ်းစားမယ်ဆိုပါက 
ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေဖို့ ပြည်ထောင်စုလွှတ်တော်ကပဲ ကော်မတီ၊ 
ကော်မရှင်များ ဖွဲ့စည်းပြီး ဆောင်ရွက်သင့်ပါကြောင်း၊ အစိုးရအဖွဲ့က 
ထုတ်ပြန်ပြ ဋ္ဌာန်းရမည်ဆိုပါက ပြည်ထောင်စု လွှတ်တော်ရဲ့ လမ်းညွှန်ချက်များ 
အတိုင်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပြီး အဆိုကိုလည်း 
မှတ်တမ်းတင်ထားသင့်ပါကြောင်း” ပြန်လည် ဖြေကြားခဲ့သည်။ 
အဆိုပါအဆိုအား ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအေးမောင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။ 
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်တွင်လည်း
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း 
တိုင်းရင်းသားရေးရာဝန် ကြီးများကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) 
ပြည်နယ်ဝန်ကြီးများ အဖြစ် အတိအလင်း ပြဋ္ဌာန်းသတ်မှတ်ထားသည့် အပြင် 
အမျိုးသားညီလာခံစုံညီ အစည်းအဝေးကချမှတ်ထားသည့် အသေးစိတ် 
အခြေခံမူများရှိနေသော် လည်း တိုင်းဒေသကြီး(သို့)ပြည်နယ် 
အဆင့်ပုဂ္ဂိုလ်များ၏ချီးမြှင့်ငွေ၊ စရိတ် နှင့်အဆောင်အယောင်များဆိုင်ရာ 
ဥပဒေပုဒ်မ ၅ နှင့်ပုဒ်မ ၁၇ တို့တွင် တိုင်းဒေသကြီး(သို့) ပြည်နယ်ဝန် 
ကြီးများနှင့် မတူခွဲခြားကာ တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးများ၏ 
ခံစားခွင့်ကို သီးခြားပြဋ္ဌာန်း သတ်မှတ်ထားခြင်းမှာ ဖွဲ့စည်းပုံ 
အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိမည် မဟုတ်ဟု ဆုံးဖြတ်ထားကြောင်း သိရသည်။ 
အဆိုနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ 
ထောက်ခံသူနည်းပါးသည့် အတွက် ဒေါက်တာအေးမောင်၏ အဆိုအား အတည်မပြုကြောင်း 
အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ကြေညာခဲ့သည်။ 
 |