Sunday, 15 July 2012 14:03 |
အဆိုပါအဆိုအား ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအေးမောင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်တွင်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း တိုင်းရင်းသားရေးရာဝန် ကြီးများကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးများ အဖြစ် အတိအလင်း ပြဋ္ဌာန်းသတ်မှတ်ထားသည့် အပြင် အမျိုးသားညီလာခံစုံညီ အစည်းအဝေးကချမှတ်ထားသည့် အသေးစိတ် အခြေခံမူများရှိနေသော် လည်း တိုင်းဒေသကြီး(သို့)ပြည်နယ် အဆင့်ပုဂ္ဂိုလ်များ၏ချီးမြှင့်ငွေ၊ စရိတ် နှင့်အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၅ နှင့်ပုဒ်မ ၁၇ တို့တွင် တိုင်းဒေသကြီး(သို့) ပြည်နယ်ဝန် ကြီးများနှင့် မတူခွဲခြားကာ တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးများ၏ ခံစားခွင့်ကို သီးခြားပြဋ္ဌာန်း သတ်မှတ်ထားခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိမည် မဟုတ်ဟု ဆုံးဖြတ်ထားကြောင်း သိရသည်။ အဆိုနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံသူနည်းပါးသည့် အတွက် ဒေါက်တာအေးမောင်၏ အဆိုအား အတည်မပြုကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ကြေညာခဲ့သည်။ |
Pages
▼
Sunday, July 15, 2012
တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများအား တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းပေးရန် အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ နည်းပါး၍ အတည်မပြုနိုင်ခဲ့