Pages

Friday, July 13, 2012

၈၈ မျိုးဆက် ကျောင်းသားများရဲ့ကချင်ပြည်နယ် ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲ



၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ကချင်ပြည်နယ် ခရီးစဉ် အကြောင်း သတင်းစာ ရှင်းလင်းပွဲ
၈၈ မျိုးဆက်ကျောင်းသားတွေရဲ့၈ ရက်ကြာ ကချင်ပြည်နယ် ခရီးစဉ် အကြောင်းနဲ့ ပတ်သတ်ပြီး မီဒီယာတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တခုကို
ဇူလိုင်လ ၁၂ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကချင်လူမျိုး
စစ်ဘေးသင့် ပြည်သူတွေရဲ့အခက်အခဲတွေ၊ ဒုက္ခသည် စခန်းမှာ လိုအပ်နေတဲ့ အကူအညီတွေနဲ့ ပတ်သတ်ပြီး ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင်တွေက ရှင်းလင်း ပြောကြားခဲ့ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်
ဆောင်ရွက်တဲ့ အနေနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက ကချင်ပြည်နယ် စစ်ဘေးသင့် ပြည်သူတွေကို အခုလို အကူအညီ ပေးနိုင်အောင်
ကြိုးစား လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။