၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန် မိမိတို့စာမေးပွဲ ဖြေဆိုခဲ့ကြသော စာစစ်ဌာနကြီး ကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံများကို ဇူလိုင် ၂၄ ရက် (အင်္ဂါနေ့)မှစ၍ ကိုယ်တိုင် ထုတ်ယူကြရန်ဖြစ်သည်။ အဆိုပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁၅ ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)တွင် လျှောက်ထားနိုင်သည်။ အသေးစိတ် သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) သထုံလမ်း၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့ ဖုန်း-၅၃၇၆၇၇ နှင့် ၅၂၅၆၁၂ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Pages
▼
Wednesday, July 11, 2012
၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ် ဝင်ခွင့်လျှောက်ထားရန် အမှတ်စာရင်း၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် စာအုပ်နှင့်ပုံစံများ ထုတ်ယူနိုင်