Pages

Friday, July 6, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ဒီလ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံကိုလ ည်ပတ်ထွက်မည်

 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ဒီလ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံကို လာရောက် ဆွေးနွေးမှာ ဖြစ်ကြောင်း ထိုင်းအစိုးရ ထိပ်တန်း အရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ရေးသားပါတယ်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ် Yutthasak Sasiprapa က - သမ္မတ ဦးသိန်းစိန်
ဟာ ဇူလိုင်လ ၂၂ ရက်နေ့ ကနေ ၂၄ ရက်နေ့အထိ လာရောက် လည်ပတ်မှာ ဖြစ်ပြီး မိမိတို့ အနေနဲ့ သမ္မတကြီး ဦးသိန်းစိန်ကို ကြိုဆိုရေးအတွက် အစည်းအဝေး ပြုလုပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မေလ ကုန်ပိုင်းက ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အရှေ့အာရှဒေသ ဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ညီလာခံကို တက်ရောက်ဖို့ ရှိခဲ့ပေမယ့် ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ဖျက်သိမ်းခဲ့ပါတယ်။

ခရီးစဉ် ဖျက်သိမ်းလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က တိတိကျကျ အကြောင်းပြချက် ထုတ်ပြန်ကြေညာခဲ့တာ မရှိပါဘူး။