Pages

Sunday, July 22, 2012

ယနေ့(၂၂-၇-၂၀၁၂)နံနက်ခင်း Facebook အတိုအထွာများ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ဒေါ်ခင်ကြည်ရဲ့ အရိပ်အဖြစ် သရုပ်ဆောင်ရန်
ရွေးချယ်ထားသူများအထဲမှ.... မဇာခြည်လင်း....။
**************************************************************************************


စစ်တွေမြို့ နယ်မြေခံဆေးတပ်ရင်းမှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းများ၌ ရောက်ရှိနေသူများကို လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက် ရှိရာ ဇူလိုင် ၂ဝ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့ ဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက်အတွင်းရှိ ရဟန်းသံဃာ တော်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဒေသခံပြည်သူများအားကျန်းမာရေးစစ်ဆေး ပေးကြပြီး လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ခြင်းနှင့်ကယ်ဆယ်ရေးစခန်းအတွင်း ခြင်အန္တရာယ် ကင်းရှင်း စေရေးအတွက် ခြင်ဆေးဖျန်းခြင်းများကိုဆောင်ရွက်ခဲ့ ကြကြောင်းသတင်းရရှိသည်။
Ref:မြ၀တီ
************************************************************************************************ 
ကျွန်တော့အမြင်မှာတော့ ခေတ်နောက်ပြန်ဆွဲချင်သူတွေက အစိုးရဖက်မှ မဟုတ်၊ အတိုက်အခံတွေဖက်က အားပေးထောက်ခံပါတယ်ဆိုတဲ့ အုပ်စုမှာလည်း တစ်ပုံတစ်ပင်ကြီး ရှိနေတာပါပဲ..။ ဒေါ်လာစားပြီး ကိုယ်ကျိုး ရှာနေကြတဲ့ ပြည်ပမီဒီယာတွေ၊ ပြည်ပအဖွဲ့တွေမှ မဟုတ်ဘူး..။ ပြည်တွင်းက ဒါမှမဟုတ်.. ဒီဖေ့ဘုတ်လို လူသုံးများတဲ့ ဆိုရှယ်နက်ဝေါ့ခ်တွေကနေတဆင့် သဘောထားတွေ တင်းမာပြတာ၊ မဟုတ်မမှတ်စွပ်စွဲပြောဆိုနေကြတာ ဟာလည်း သူတို့လက်ညိုးထိုး စွပ်စွဲနေတဲ့ ခေတ်နောက်ပြန်ဆွဲ၊ ခေါင်းမာ ဂိုဏ်းသားတွေနဲ့ လုပ်ရပ်က တစ်ထေရာတည်း ထပ်တူကျနေတယ်ဆိုတာ ဆင်ခြင်သင့်လှပါတယ်..။

ရန်မီးတွေငြိမ်းပြီး တိုင်းပြည်ကြီးအကျိုးအတွက် ပူးပေါင်းဆောင်ရွက် ဖို့၊ နှစ်ဖက်လက်တွဲကြဖို့ ခေါင်းဆောင်ပိုင်းတွေက ခြေလှမ်းပြင်နေချိန်မှာမှ ဒီလိုနှစ်ဖက်သားတွေက ချိုသွေးမြမြနဲ့ အားရနေကြတာ..၊ ရလာတဲ့ လွတ်လပ်ခွင့်လေးကို အတိုင်းအဆမရှိ၊ ဥာဏ်ပညာကွပ်ကဲမှုမရှိဘဲ စည်းဘောင်လွှတ်အောင် သုံးချင်နေကြတာဟာ နောက်ကြောင်းပြန်လှည့်ဖို့ သိပ်ကောင်းတဲ့ အပြုအမူမျိုးတွေပေါ့ခင်ဗျာ..။ ကျန်းမာကြပါစေ...။ ချမ်းသာကြပါစေ..။ ဆုတောင်းပေးလိုက်ပါတယ်..။ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေက အခရာပါ..။
************************************************************************************************

Myanmar high school students with actress and model "Wut Hmone Shwe Yee".

 
**********************************************************************************************

Eaindar Nyana
အဓမ္မ၀ါဒများကိုတားဆီးကာကွယ်နိုင်ရန်အတွက်အဆိုပါခွေများကို မိမိတို့တတ်နိုင်သလောက်ကူးယူ ဖြန့်ချီလှူဒါန်နိုင်ပါသည်။
မူရင်ခွေများအလိုရှိပါက ဆက်သွယ်ရန် ၀၉၇၃၁၇၇၃၇၉