Pages

Wednesday, July 18, 2012

ညနေခင်း Facebook သတင်းများ

နိုင်ငံတော်သမ္မတကြီးဒီမိုကရေစီ မိတ်ဆွေပါတီများနှင့် တွေ့ဆုံပွဲ  
 
သမ္မတဦးသိန်းစိန် နဲ့ နိုင်ငံရေးပါတီ ၁၀ ပါတီက ခေါင်းဆောင်တွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

တွေ့ဆုံပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေး ၊ ရခိုင်ပြည်နယ်အရေးအခင်း ကိစ္စ နဲ့ ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေ
းဆိုင်ရာတွေကို ဆွေးနွေးကြကြောင်း သိရပါတယ်။

သမ္မတဦးသိန်းစိန် နဲ့ ဒီကနေ့တွေ့ဆုံတဲ့ ပါတီတွေကတော့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ၊ ချင်းအမျိုးသားပါတီ ၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ပါတယ်။RFA
 
************************************************************************************************* 
RFA
စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်မှုမှာ အာဇာနည်တွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်ခဲ့ကြောင်း ကိုမင်းကိုနိုင် က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန် တောင်ဒဂုံမြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ အာဇာနည်နေ့အကြို အခမ်းအနားမှာ ကိုမင်းကိုနိုင်က ပြောကြားလိုက်တာပါ။ ဒီ အခမ်းအနားမှာ အာဇာနည်နေ့ အကြောင်းအပြင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က အကောင် အထည် ဖော်နေတဲ့ ပွင့်လင်းလူအဖွဲ့အစည်း အကြောင်းကိုလည်း ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲ တက်ရောက် လာသူတွေကလည်း သူတို့ဒေသက ကြုံတွေ့နေကြရတဲ့ လက်ရှိအခြေအနေတွေကို ဆွေးနွေးပွဲမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြပါတယ်။

အခမ်းအနားကို တောင်ဒဂုံမြို့နယ်က ရပ်မိရပ်ဖတွေ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုဋ္ဌေးကြွယ် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

(Photo-88 Generation Students)
********************************************************************************************
ထိုင်း-မြန်မာနယ်စပ်တကြောက ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး ထိထိရောက် ရောက်ကူညီနိုင်ဖို့ အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တာဝန်ရှိသူတွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၅ ဖွဲ့က တာဝန်ရှိသူတွေနဲ့ ဇူလိုင်လ ၆ ရက်နေ့က ဘန်ကောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ မြန်မာပြည်မှာ လုံခြုံစိတ်ချရတဲ့ တည်ငြိမ်အေးချမ်းမှု ရှိလာရင် UNHCR က ထိုင်း၊ မြန်မာအစိုးရတွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေကို ပြန်လည်နေရာချထားမယ်လို့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။(DVB)
************************************************************************************************** 
 

KIA, တပ်ရင်း (၅)မှ 2.I.C အား မြန်မာ စစ်တပ် မှ ဖမ်းမိ။ ယမန်နေ့ က ၄င်း KIA တပ်ရင်း (၅)မှ 2.I.C သည် တာလောကြီး သို့ မော်တော် ဆိုင်ကယ်ဖြင့် သွား ကာ ရွာလူကြီး တစ်ဦးနှင့် စကားပြောနေ စဉ် မြန်မာ စစ်တပ်၏ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။
**********************************************************************************************
မိုးညှင်းမြို့ ယာယီဈေး ဖျက်သိမ်းမည်

ရန်ကုန် ၊ ဇူလိုင် ၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့ပေါ်ရှိ ဆယ်နှစ် သက်တမ်းပြည့်တော့မည်ဖြစ်သော ယာယီ အခွန်လွတ်ဈေးကို အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီက တရားဝင် သတင်းထုတ်ပြန်သည်။

အဆိုပါ အခွန်လွတ်ဈေး၏ အနီးတစ်ဝိုက်တွင် ခရိုင် ပြည်သူဆေးရုံကြီး ၊ နမှီးစု အလယ်တန်းကျောင်း ၊ မြို့နယ် ရဲတပ်ဖွဲ့ရုံး နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ရှိနေခြင်းကြောင့် မြို့ပြ အင်္ဂါရပ်နှင့် မညီညွတ်သည့်အပြင် ယာဉ်ဝင် ယာဉ်ထွက် ရှုတ်ထွေးသည့် နေရာတွင် ရှိနေခြင်းကြောင်း ယင်းဈေးကို ဖျက်သိမ်းရခြင်း ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ အမှုဆောင် ဦးစီး အရာရှိက The Voice Weekly သို့ ပြောကြားသည်။

အခွန်လွတ်ဈေးမှ ဈေးသူဈေးသား များကို အောင်သပြေဈေး နှင့် မြို့မဈေးသို့ ပြောင်းရွှေ့ပေးသွားမည်ဟု မြို့နယ်စည်ပင်မှ အသိပေးထားသော်လည်း အများစုမှ လက်ခံသဘောတူခြင်းမရှိကြောင်း မိုးညှင်းမြို့ခံများထံမှ သိရသည်။

ကျွန်မမှာ သားသမီး နှစ်ယောက်အတွက် ကျောင်းစရိတ်ကို ဈေးရောင်းပြီး ရှာနေရတာ။ ဒီဈေးကနေ ရွှေ့ရောင်းမယ်ဆိုရင် အဆင်မပြေနိုင်ဘူး။ အောင်သပြေဈေးက မြို့အစွန်မှာမို့ပါ ယင်းဈေးအတွင်း ရောင်းချနေသည့် အသက်၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အမှုဆောင် ဦးစီး အရာရှိကမူ အနာ(နစ်နာမှု)နည်းအောင် စနစ်တကျ ရွှေ့ပြောင်းပေးမှာပါ။ အောင်သပြေဈေးမှာ အကွက်ရိုက်ပြီး ရွှေ့ပြောင်းရတဲ့ ဈေးသူဈေးသားတွေကို ဦးစားပေးသွားမှာပါ။ ငွေကြေး ကောက်ခံမှု လုံးဝ မရှိစေရဘူး အာမခံ ပြောကြားသည်။

အထက်ပါ ယာယီအခွန်လွတ်ဈေးသည် ၂၀၀၃ ခုနှစ်တွင် စတင်ရောင်းချခဲ့ပြီး နေ့စဉ် ရောင်းချနေသော ဈေးဆိုင်ပေါင်း ၁၃၀ ခန့်ရှိပြီး မိုးညှင်းမြို့၏ အထင်ကရလမ်းဖြစ်သော စ၀်စံထွန်းလမ်းနှင့် ပင်လုံလမ်းတို့ အလယ်တွင် တည်ရှိသည်။