Pages

Saturday, July 21, 2012

နံနက်ခင်းFacebook သတင်း(၂၁-၇-၂၀၁၂)




ငါတို့ဧရာဝတီ၊ ငါတို့အနာဂတ်...
ငါတို့ဧရာဝတီ၊ ငါတို့ယဉ်ကျေးမှု...
ငါတို့ဧရာဝတီ၊ ငါတို့ငြိမ်းချမ်းရေး...
********************************************************************************************
မနေ့ မနက် ၉ နာရီမှာ ဗမော်က ကသာကို ပြေးမယ့် ညမင်းအောင် အမှတ် ၁ ဆိုတဲ့ ရေပေါ်ရှပ်ပြေး ရေယာဉ်ဟာ ဗမော်မြို့ ဧရာမော် ဆိပ်ကမ်းက အထွက်မှာ ဂီယာထိုးမရဘဲ ဂီယာညပ်ပြီး အခြားရေယာဉ်တွေအောက် ၀င်ပြီး နစ်မြူပ်သွားပါတယ်။

လူ ၃၀ လောက် ပျောက်နေပြီး အလောင်း တစ်လောင်းဘဲ ရသေးတယ်လို့ သိရတယ်။

လူပေါင်း တစ်ရာကျော် တင်လာတဲ့ အဲ့ဒီရှပ်ပြေး ရေယာဉ်ပေါ်မှာ လက်မှတ်ပါသူ ၅၀ လောက်ဘဲ ပါပြီး လက်မှတ်မပါဘဲ တင်လာသူတွေက တစ်ဝက်လောက်ပါနေတာမို့ ဘယ်သူတွေ ပါပြီး ဘယ်သူတွေ ပျောက်နေတယ်ဆိုတာ သတင်း အတိအကျ မသိရဘဲ ဖြစ်နေတယ်။

ဗမော်တက္ကသိုလ် ကျောင်းသား ဘောလုံးအသင်းက ကစားသမားတွေထဲက ၆ ဦးလောက် ပါသွားတယ်လို့ သိရပါတယ်။ Zaw Lwin Win ************************************************************************
ဒေါ်စုတာဝန်ပဲ မျက်စိပိတ်ပြီး အော်နေသူများဖတ်ဖို့အတွက်

KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂုန်မော်ရဲ့ အဖြေကို ကြိုက်လွန်းလို့ ကူးယူလာပါတယ် ။

မေး- မြန်မာတိုင်း(မ်)
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုချိန်အထိကချင်စစ်ပွဲနဲ့ပတ်သက်
ပြီး တိတိကျကျထုတ်ဖော်ပြောမှု မရှိ သေးတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ---ဗိုလ်ချုပ်ဂုန်မော်
သူဟာ ကချင်စစ်ပွဲရဲ့ အဖြေမဟုတ်ပေမယ့် အဖြေရအောင် ဦးဆောင်မယ့် အစွမ်းအစ သူ့ဆီမှာရှိတယ်လို့ ယုံကြည်တယ်။ ခုချိန်ထိ ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောတာမျိုးမရှိသေးတာကလည်း သူ့အနေနဲ့ တစ်နိုင်ငံလုံးရဲ့ စီမံကိန်းတွေအရ စဉ်းစားတဲ့ အခါမှာ ကချင်အရေးက ဘယ်အချိန်မှာဆွေးနွေးရမယ်ဆိုတဲ့ အပိုင်းကလည်း သူစဉ်းစားနေမှာပါ။ ဒီလိုပဲ ကျွန်တော်တို့မြင်ပါတယ်။

(By-Myanmar Times)
**************************************************************************************************
Yan Aung
အောက်မှာဖော်ပြထားတဲ့လမ်းတစ်ဝက်ခင်း အောင်သိန်းလင်းရဲ့ အင်တာဗျူးအပြည့်အစုံကို လေ့လာကြည့်ရင်
ကျွန်တော်တို့နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု၊ ပြည်သူတွေရဲ့ ဆန္ဒ..၊ သမ္မတဦးသိန်းစိန်/ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ Win-Win ပေါ်လစီအစရှိသည်တို့အတွက် အကြီးဆုံး အန္တရာယ်ကြီးက အတွင်းစည်းမှာ ရှိနေတယ်ဆိုတာ ပေါ်လွင်လာပါတယ်..။

တောင်ဥက္ကလာမှာ မဲအတွက် ဗလီဆောက်ဖို့ခွင့်ပြုခဲ့သူ၊ လမ်းတွေကို မဲအတွက် တစ်ဝက်တစ်ပျက်ခင်းပြီး ရွေးကောက်ပွဲအပြီး ဆက်မခင်းပဲရပ်ထားခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်ဟောင်း၊ စစ်တပ်အရာရှိဟောင်း၊ လက်ရှိ ပြည်ခိုင်ဖြိုးဗဟိုအလုပ်မှုဆောင် တစ်ယောက်ရဲ့ စကားဟာ နိုင်ငံနဲ့ပြည်သူအတွက်ကြောက်စရာကောင်းသလို Sanction ကို US က ဘာ့ကြောင့်ဖွင့်မပေးသေးတာလဲဆိုတဲ့
အဖြေဟာ ပေါ်လွင်လာပါတယ်..။
ရှင်းရှင်းလေးပါ.. ပြည်ခိုင်ဖြိုးနဲ့ အစိုးရအဖွဲ့ဝင် တချို့တွေထဲမှာ ဒီလိုခံယူချက်နဲ့လူမျိုးတွေရှီနေသရွေ့ Sanction မပွင့်နိုင်ပါဘူး..။

မြစ်ဆုံအတွက်နဲ့ တရုတ်ကိုအားကိုးပြီး ပြည်သူကို စော်ကားသလို.. သမ္မတကိုလည်းစော်ကားပါတယ်..။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စော်ကားပါတယ်။

လက်ရှိ စီးပွားရေးပိတ်ဆို့မှုဖွင့်ဖို့ လာရောက်လေ့လာနေကာ အစိုးရချင်းဆက်ဆံရေးတိုးတက်လာပြီး ဖွံဖြိုးမှုတွေမှာ နည်းပညာနဲ့ ငွေကြေး အလုံးအရင်းနဲ့စတင် ကူညီလာတဲ့ အမေရိကန်နဲ့ အနောက်ကို ပေါ်တင် နှိပ်ကွပ်လာပါတယ်။

ပြည်ခိုင်ဖြိုးထဲမှာ အဲဒီလို ခံယူထားတဲ့ Cell တွေ ဘယ်လောက်များနေသလဲ. ။ပျံ့နှံ့နေပါသလဲ..။ ဗဟိုအလုပ်အမှုဆောင်တစ်ယောက်ရဲ့စကားဟာ အဖွဲ့အစည်းအပေါ် ဘယ်လောက် ကိုယ်စားပြုပါသလဲ..။

သေချာတာက မြစ်ဆုံကို ဆက်ဆောက်ရင်တော့ ၂၀၁၅ မှာ ပြည်ခိုင်ဖြိုးဝင်ပြိုင်နေလဲ ပင်ပန်းရုံပါပဲ..။

မြစ်ဆုံကို ပိတ်လိုက်ခြင်းဟာ ပြည်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းရုံသာမက မဟာဗျူဟာအရ တရုတ်ကြီးရဲ့ အခန်းကဏ္ဍကို မှေးမှိန်စေတဲ့အတွက် အမေရိကန်ရဲ့ Sanction ဖွင့်ပေးခြင်းကို ဘယ်လောက်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ တွေးတတ်သူတိုင်း သိကြပါတယ်။ Diplomacy ကို နားလည်သူတိုင်း အောက်က စကားတွေရဲ့ အကျီုးသက်ရောက်မှုကို သဘောပေါက်လောက်ပြီထင်ပါတယ်....။
**************************************************************** 
လေးစားဘွယ်ရာပါ..............

ပျော်ဘွယ်မြို့ ရန်ကုန်-မန္တလေးကားလမ်း အနောက်ဘက် ရဲစခန်း အရှေ့ဘက် လူနေ ၀ိုင်းထဲ ရောက်နေသော အာဇာနည်ကျောက်တိုင်အား
လူစုလူဝေးဖြင့် အလေးပြုခွင့်မရသဖြင့် ဦးအေးချို ( NLD တာဝန်ခံ ) တစ်ကိုယ်တည်း ပန်းစည်းချအလေးပြုခဲ့ပါတယ်..............