Pages

Friday, July 13, 2012

"ရခိုင်ပြည်နယ် မင်းဂံရွာတွင် စာကြည့်တိုက် ဖွင့်ခဲ့သည့် ခန့်စည်သူ တောင် ဒဂုံ HIV/ AIDS စောင့်ရှောက်ရေးသို့ လှူဦးမည်"





ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ဇူလိုင် ၁ရက်နေ့ တွင် အနုပညာရှင် မောင်နှမများနှင့်အတူ ရခိုင်သို့ သွားရောက် လှူဒါန်းခဲ့သည့် ခန့်စည်သူက ရခိုင်ပြည် နယ်၊ မင်းဂံရွာတွင် ဖွင့်လှစ် လှူဒါန်းထားသော 'ခန့်' စာကြည့်တိုက်ကို သွားရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။ ''စာကြည့်တိုက်ဖွင့်ပွဲ လုပ်ပြီးတာ ကြာပြီ။ ကိုယ်တိုင်မတက်ရောက် နိုင်ခဲ့ဘူး။ အခုရောက်တော့ ရခိုင်ပြည်နယ်မှူး ဦးဝင်းမြိုင်တို့နဲ့ စာကြည့် တိုက်မှာ အမှတ်တရ စကားပြော၊ ဓာတ်ပုံရိုက်ကြတာ။ ပရိသတ်တွေ လည်း ရောက် နေတော့ တရင်းတနှီးနှုတ်ဆက်ပြီး ဒုတိယအကြိမ် ဖွင့်လှစ်ပေးတဲ့ ပုံစံမျိုးပါပဲ။ ပဋိပက္ခဖြစ်တဲ့ အချိန်မှာ ဒီစာကြည့်တိုက်လေးပါ သွားပြီ ထင်နေတာ။ စာကြည့်တိုက်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးခန်းမှာ ဖွင့်ထားတာ။ ဒီထက်ပိုပြီး နည်းနည်း ကျယ်ကျယ်ပြန့်ပြန့် လေးဖြစ်အောင် အလှူငွေ၊ စာအုပ်တွေ ထပ်ပြီး လှူဖြစ်မယ်။ အခု မျက်မြင် တွေ့ခဲ့ပြီဆိုတော့ ဒီထက်ပိုပြီး ခိုင်ခိုင်မာမာဖြစ်အောင် ပံ့ပိုးဖို့လည်း ရှိတယ်။ စာကြည့်တိုက် ဖွင့်လှစ်ခြင်းက ထောင်တံခါးတစ်ချပ် ပိတ်တာနဲ့ ညီတယ်လို့ ဖတ်ဖူး၊ မှတ်ဖူး၊ လေ့လာဖူး တယ်။ စာကြည့်တိုက် ဖောင်ဒေးရှင်းကထုတ်တဲ့ စာအုပ်ထဲမှာပါတဲ့အတိုင်း စာဖတ်ခြင်းဖြင့် ကြီးမြတ်သော လူမျိုးဖြစ်အောင် တစ်ဖက်တစ်လမ်းက ထောက်ပံ့ ချင် တဲ့အတွက်ပါ။ စာဖတ်ခြင်းအားဖြင့် အခုလို ကြုံတွေ့ရတဲ့ ဆင်းရဲဒုက္ခတွေ ချုပ်ငြိမ်းသွားနိုင်ပါတယ်။ ဒီမိုကရေစီ ရောက်အောင်လည်း ဖြောင့်ဖြောင့် တန်းတန်း ချီတက် သွားနိုင်ပါတယ်'' ဟုဆိုသည်။ ခန့်စည်သူပါဝင်သည့် မေတ္တာ သင်္ဂဟ အဖွဲ့သည် ဇူလိုင် ၁ဝ ရက်နေ့တွင် တောင်ဒဂုံမှ HIV/ AIDS စောင့်ရှောက်ရေးနှင့် သင်္ဃန်းကျွန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် လှူဒါန်းမှုများပြုလုပ်သွားခဲ့သည်ဟု သိရသည်။

မေမွန်မောင်(
Popular Journal)