Pages

Tuesday, July 17, 2012

Kachin Peace Network မှ ကချင်ခရီးစဉ်အကြောင်း မီဒီယာတွေ့ဆုံပွဲ




Kachin Peace Network မှ ဦးဆောင်စီစဉ်သည့် နယ်စပ်ဒေသ ကချင်ပြည်နယ် IDP စခန်းများသို့ သွားရောက်သည့် ခရီးစဉ်တွင်ပါဝင်သူများနှင့် သတင်းမီဒီယာများ၏ တွေ့ဆုံခြင်းကို လှည်းတန်း၊ ဇေယျာသီရိလမ်း၊ အမှတ်(၂၉)၊ ပထမထပ်(A) တွင် ဇူလိုင်လ ၁၆ရက်နေ့ နေ့လည်၁း၀၀နာရီမှ နေ့လည် ၂း၀၀နာရီအချိန်ထိ ပါဝင်သူများမှ ကချင်ခရီးစဉ်နှင့်ဒုက္ခသည်များအကြောင်း ပြောကြားခဲ့ပါသည်။ Kachin Peace Network သည် (၁) one more ၊ (၂) ကလေးချစ်သူများကွန်ယက်၊ (၃) ပျိုးသစ်ပင်၊ (၄) နှောင်ကြိုးမဲ့ကွန်ယက်၊ (၅) မြန်မာလူမှုဘဝဖူလုံရေးကွန်ယက် စသည့် အဖွဲ့(၅) ဖွဲ့ဖွဲ့စည်းထားသည့် ကွန်ယက်တခုဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲကို မီဒီယာအယောက်၃၀ကျော် တက်ရောက်ခဲ့ကြပါသည်။