Pages

Friday, July 27, 2012

ဦးသိန်းညွန့်က (NGO) များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန် အဆိုတင်မည်



ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး
ယနေ့ ကျင်းပမည့် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး တွင်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က
"မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှု ကာလတွင် နိုင်ငံတော် သမ္မတ က အရပ်ဘက် လူမှု အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် မိန့်ကြားခဲ့ပြီးဖြစ်၍ အရပ်ဘက် လူ့အဖွဲ့အစည်းတွင် ပါဝင်သည့် အစိုးရမဟုတ်သော လူ့ အဖွဲ့အစည်း (NGO) များ ဖွဲ့စည်းရေးအတွက် ခေတ်နှင့်လျော်ညီသော အစိုးရ မဟုတ်သော လူ့ အဖွဲ့အစည်း (NGO) များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန် နိုင်ငံတော်အစိုးရအား ဤ လွှတ်တော်မှ တိုက်တွန်းကြောင်း "
အဆိုကို တင်သွင်းမည်ဖြစ်ကြောင်းလွှတ်တော်သို့ သွားရောက်သတင်းရယူနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

The Voice Weekly