Pages

Tuesday, July 31, 2012

The Voice Weekly နှင့် Envoy သတင်းစာစောင်များ ယာယီရပ်နားခံရ



ရန်ကုန်၊ ဇူလိုင် ၃၁
ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များ ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် The Voice Weekly နှင့် Envoy သတင်းစာစောင်များ လာမည့်အပတ်မှစ၍ ထုတ်ဝေခွင့်ယာယီရပ်နားလိုက်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ ခေါ်ယူအကြောင်းကြားခြင်းခံရသူ အရပ်နားခံ စာစောင်တစ်ခုမှ
အမှုဆောင် အယ်ဒီတာတစ်ဦးက ပြောကြားသည်။

ပြည်တွင်းဂျာနယ်များကို စာပေစိစစ်ရေး ခေါ်ယူတွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အပတ်စဉ်ထုတ်ပြည်တွင်းဂျာနယ်များ
ကို ယနေ့ မွန်းလွဲပိုင်းတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း အဆိုပါဂျာနယ်များထံမှ သိရသည်။

ယင်းကဲ့သို့ ခေါ်ယူတွေ့ဆုံရာတွင် ယာယီထုတ်ဝေခွင့် ရပ်ဆိုင်းခြင်း ခံရသည့် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို အရေးမယူလိုသော်လည်း စည်းကမ်းများ ဖောက်ဖျက်သဖြင့် ယနေ့(ဇူလိုင်လ ၃၁ ရက်) မှစတင်ကာ အရေးယူခဲ့ခြင်းဖြစ်သည်ဟု စာပေစိစစ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သော ပြည်တွင်းဂျာနယ်တစ်စောင်မှ အယ်ဒီတာတစ်ဦးက ပြောကြားသည်။

The Voice Weekly ဂျာနယ်ကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်ပတ်၊ ၂၀၀၅ ခုနှစ် မေလမှ ဇွန်လကြားတွင် လေးပတ်၊ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် တစ်ပတ်၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် နှစ်ပတ်၊ ၂၀၁၀ပြည့်နျှစ် နိုဝင်ဘာလတွင် တစ်ပတ်နှင့် ယခုတစ်ကြိမ် ထုတ်ဝေခွင့်ယာယီရပ်နားခံရမှုနှင့် ဆိုပါက စုစုပေါင်း ၆ ကြိမ် ရှိသွားပြီဖြစ်သည်။
The Voice Weekly