Pages

Sunday, July 15, 2012

UN နှင့် INGOs များအပေါ် သဘောထားကြေငြာချက်ထုတ်ပြန်

 

 ရခိုင်တိုင်းရင်းသားများ နှင့် အစိုးရ၀န်ထမ်းများ  ရခိုင်ပြည်မှ
စွန့်ခွာပြီ ရန်ကုန်သို့ ပြောင်းရန် စဉ်စီနေကြစဉ်


14-7-2012 နေ့တွင် စစ်တွေမြို့၊ ရခိုင်တိုင်းရင်းသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး မြို့လုံးကျွတ်ကော်မတီက UN နှင့် INGOs များအပေါ် သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါကြေငြာချက်တွင် ဇူလိုင်လ(၁၁)ရက်နေ့တွင် နိုင်ငံတော်သမ္မကြီးက UNHCR တာဝန်ရှိသူတို့အားပြောကြားသည့် သဘောထားမှတ်ချက်အား ထောက်ခံကြောင်း၊ UN နှင့် INGOs တို့သည် ခေတ်အဆက်ဆက်ကပင် ရခိုင်ပြည်တွင် အခြေတည်ပြီး တရားမ၀င်ကျူးကျော်ဝင်ရောက်လာသည့် နိုင်ငံခြားသား ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလူမျိုးကိုကိုထောက်ပံ့ခဲ့ကြောင့် ယခုကဲ့သို ဘင်္ဂလီများ၏အကြမ်းဖက်မှုကို ရခိုင်တိုင်းရင်းသားများခံစားခဲ့ရကြောင်း၊ သို့အတွက်ကြောင့် အဆိုပါ UN နှင့် INGOs တို့မှ ရခိုင်တိုင်းရင်းသားများအပေါ် ပေးအပ်မည့်မစို့တပို့အကူအညီကိုလုံးဝငြင်းပယ်မည် ဖြစ်ကြောင်း
 ဖော်ပြထားသည်။