Pages

Monday, July 23, 2012

တောင်တရုတ်ပင်လယ်မှ မုန်တိုင်း VICENTE လမ်းကြောင်းပြောင်း၍ Guangdong ပြည်နယ် အနောက်ဘက် ကမ်းခြေသို့ ဦးတည်

By mmweather.ygn,  on July 23rd, 2012

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း VICENTE (09W) သည် ရွေ့လျားမှု နှေးကွေးသွားပြီးနောက် လမ်းကြောင်းပြောင်းလဲကာ အရှေ့မြောက်ဘက်သို့ ပြန်လည် ရွေ့လျားလျှက်ရှိကြောင်း ဇူလိုင် ၂၃ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ သိရပါသည်။

TSR မှ ခန့်မှန်းချက်အရ မုန်တိုင်းသည် လက်ရှိနေရာမှ အနောက်မြောက်ဘက်သို့ ပြန်လည် ရွေ့လျားပြီး မူလခန့်မှန်းလမ်းကြောင်း အထက်သို့ ရောက်ရှိကာ တရုတ်ပြည်-Guangdong ပြည်နယ် အနောက်တောင်ဘက် ကမ်းခြေအား Maoming မြို့နှင့် Zhanjiang မြို့များကြားမှ လာမည့် ၃၆ နာရီအတွင်း(ဇူလိုင် ၂၄ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ မတိုင်မီ)  ဖြတ်ကျော်ဝင်ရောက်ဘွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။