Pages

Monday, August 27, 2012

မြောက်ပိုင်း ABSDFသတ်ဖြတ်မှုတရားစွဲပြီ


မြောက်ပိုင်း ABSDF က သတ်ဖြတ်မှု ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး အခု ဆိုရင် ကွယ်လွန်သူ တဦးဖြစ်တဲ့ ဦးမောင်စိန် သေဆုံးခဲ့ရမှုအတွက် သမီးဖြစ်သူက မြောက်ဥက္ကလာပ မြို့နယ် တရားရုံးမှာ လူသတ်မှု ကျူးလွန်သူများဖြစ်တဲ့ ထိုစဉ်က ABSDF ဥက္ကဌ အောင်နိုင်ပါ ၇ ဦးတို့ကို တရားစွဲလိုက်ပါတယ်။

တရားစွဲဆိုသူက ကျူရှင်ဆရာမ တဦးဖြစ်တဲ့ အသက် ၄၂ ဦးဖြစ်သူ ဒေါ်စန်းစန်းအေးဖြစ်ပြီး ကွယ်လွန်သူ ဖခင်ဖြစ်သည့် ABSDF တရားရေး တာဝန်ခံ ဦးမောင်စိန် အသတ်ခံလိုက်ရတဲ့ ကိစ္စအတွက် လွန်ခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က တရားစွဲ ခဲ့တာလည်းဖြစ်ပါတယ်။

ဒါကို ပြည်တွင်း MONITOR ဂျာနယ်နဲ့ FAVOURATES ဂျာနယ်တို့မှာလည်း ဒီသတင်း ကို ဖော်ပြပါရှိပါ တယ်။ နောက်ထပ်လည်း တရားစွဲ ဆိုမှုတွေ ရှိလာမယ်လို့ ယခင် ABSDF မြောက်ပိုင်းပြန်တချို့နဲ့ နီးစပ် သူတွေက ဧရာဝတီကို ပြောပါတယ်။