Pages

Saturday, August 4, 2012

"မီဒီယာဖိနှိပ်မှု ရပ်" လှုပ်ရှားမှု






ယနေ့ ( သြဂုတ်လ၊ ၄ ရက်) နံနက်ပိုင်းက ပြုလုပ်သော စာနယ်ဇင်းသမားများ၏ "မီဒီယာဖိနှိပ်မှု ရပ်" လှုပ်ရှားမှုတွင် မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ ပူးပေါင်းပါဝင်ခဲ့ကြသည်။



ယနေ့ သြဂုတ်လ၊ ၄ ရက်နံနက်ပိုင်းက စတင်ပြုလုပ်တဲ့ စာနယ်ဇင်းသမားများရဲ့ "မီဒီယာဖိနှိပ်မှု ရပ်" ဆိုတဲ့ လှုပ်ရှားမှုမှာ ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ
ဂျာနယ် ၂ စောင်ကိုထုတ်ဝေခွင့် အကန့်အသတ်မရှိ ပိတ်ပင်ခံလိုက်ရတဲ့ ဖြစ်စဉ် ဟာ မြန်မာ့ပြုပြင် ပြောင်းလဲမှုဖြစ်စဉ်ကို အလွန် အရုပ်ဆိုး အကျဉ်းတန်စေခဲ့ပါပြီ။


မြေနီကုန်း အင်ဗွိုင်းဂျာနယ်တိုက်သို့ သွားရန် မြို့တော်ခန်းမ ဘတ်စကားဂိတ်အနီး တွေ့မြင်ရသည့် လှုပ်ရှားသူ တဦး
မီဒီယာ လွတ်လပ်ခွင့်အတွက် တီရှပ် ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု စတင်သြဂုတ် ၄၊ ၂၀၁၂၊ YPI အပတ်စဉ်ထုတ် သတင်းဂျာနယ် ၂ စောင်အပိတ်ခံရမှုကို အကြောင်းပြု၍ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် “မီဒီယာဖိနှိပ်မှု ရပ်” ဆိုသည့် စာတမ်းပါ တီရှပ်များ ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု တရပ်ကို ရန်ကုန်မြို့၌ ယနေ့ နံနက် ၁၁ နာရီက စတင်လိုက်ကြသည်။

ယနေ့လှုပ်ရှားမှုတွင် တီရှပ်များ ၀တ်ဆင်ကာ နိုင်ငံတော် သမ္မတထံတင်ပြမည့် စာနှင့်အတူ လက်မှတ်များ လိုက်လံစုဆောင်း ကောက်ယူသည့် အစီအစဉ် ဖြစ်၍ အပိတ်ခံရသည့် ဂျာနယ် ၂ စောင်၏ ရုံးခန်းသို့ သွားရောက်ခြင်း နှင့်အတူ အချို့သော စုရပ်များတွင် လက်မှတ်ကောက်ယူကြမည်ဖြစ်သည်။ ယခုလှုပ်ရှားမှုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖွဲ့စည်းခဲ့သည့် သတင်းလွတ်လွပ်ခွင့် ကော်မတီ (ယာယီ) က စီစဉ်ခဲ့ခြင်းဖြစ်သည်။ ။

Yangon Press International


ဆူးလေ ၄၅ကားဂိတ်သို့ ချီတက်သွားကြစဉ်

မီဒီယာတီရှပ်များ ၀တ်ဆင်ထားသော မီဒီယာသမားများ



ရပ်နားခံရသော The voice ဂျာနယ် ရုံးရှေ့တွင် မီဒီယာသမားများ စုစည်းနေကြစဉ်