Pages

Friday, August 24, 2012

ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်ရှင်းလင်း


ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ ယနေ့(သြဂုတ် ၂၃)သ၀ဏ်လွှာတစ်စောင်ပေးပို့ခဲ့ပြီး အဆိုပါသ၀ဏ်လွှာတွင် ပူးတွဲပါဝင်သည့် အစီရင်ခံစာပါ အချက်အလက်အချို့မှာ ဖြစ်ရပ်မှန်များနှင့် ကွဲလွဲနေသဖြင့် ပြန်လည်စဉ်းစားသုံးသပ်ပေးပါရန် ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်
ကပြောသည်။

"ကျွန်တော်တို့က သမ္မတရဲ့ သ၀ဏ်လွှာကို ကန့်ကွက်တာမဟုတ်ဘူး။ 


အဲဒါနဲ့ ပူးတွဲပါတဲ့ ရခိုင်နဲ့ပတ်သက်တဲ့ အစီရင်ခံစာအပိုဒ် ၉ ရဲ့ အချက် ၈ ချက်ဟာ ဖြစ်စဉ်အမှန်နဲ့ ကွဲလွဲနေတယ်။ အဲဒါကို ပြန်သုံးသပ်ပေးဖို့ ကန့်ကွက်လွှာတင်တာပါ"ဟု ဒေါက်တာအေးမောင်က ဆက်လက်ပြောသည်။

အစီရင်ခံစာအပိုဒ် ၉ တွင် နိုင်ငံရေးပါတီများ၊ သံဃာများနှင့် စီးပွားရေးသမားအချို့မှ သွေးထိုးလှုံ့ဆော်မှုကြောင့် ယခုကဲ့သို့ ဖြစ်စဉ်များဖြစ်ပွားရသည်ဟု အဓိပ္ပာယ်ပါသည့် အချက်အချို့ အစီရင်ခံစာတွင် ရေးသားထားခြင်းကြောင့်ဖြစ်သည်ဟု ဒေါက်တာအေးမောင်က ဆက်လက်ရှင်းပြသည်။

Source : 7day Journal