Pages

Monday, August 13, 2012

ထားဝယ်စီမံကိန်းရှိ ရဲလုံခြုံရေး ၀န်ထမ်းတစ်ဦး ပျောက်ဆုံး - - - -



တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ရဲစခန်းမှ အသက် ၃၅ နှစ်အရွယ်ရှိ ရဲတပ်ကြပ်ကြီး သန်းထွဋ်ဦးသည် ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးတွင်
ပျောက်ဆုံးသွား သည်ဟု မိသားစုထံမှ သိရသည်။

ရေဖြူမြို့နယ်၊ ရေဖြူရဲစခန်းပိုင်၊ ထားဝယ် ရေနက်ဆိပ်ကမ်း လုံခြုံရေး ရဲကင်းတွင် တွဲဘက်လုံခြုံရေး တာဝန်ထမ်းဆောင်စဉ် ညနေ ၆ နာရီခွဲခန့်တွင် မောင်းမကန် ရဲစခန်းနေ ကိုမျိုးသိန်းနှင့်အတူ ဆိုင်ကယ်ဖြင့် လိုက်ပါလာခဲ့ပြီး ရေနက်ဆိပ်ကမ်းအနီးရှိ တံတားအနီးတွင် ဆိုင်ကယ်ပေါ်မှ ဆင်းကျန်ရစ်ခဲ့ကာ ပျောက်ဆုံးသွားကြောင်း မောင်းမကန် ရဲစခန်းမှ စခန်းမှုး၏ ထောက်ခံစာအရသိရသည်။

ရဲဝန်ထမ်းအဖြစ်မှ ထွက်ပြေးသွားခြင်းလည်း မဖြစ်နိုင်ဘဲ ပြေးလျှင်လည်း မိသားစုကို အသိပေးပြီး ကြိုတင်ပြင်ဆင်လိမ့်မည်ဟု မိသားစုဝင်များက မှတ်ချက်ပြုသည်။
 Dawei Watch(Facebook)