MMweather Page
နောက်ထပ် တိုင်ဖွန်းမုန်တိုင်းတစ်လုံး ဖြစ်လာမဲ့ KAI-TAK (လေဖိအားနည်းဆဲလ် 93W) ကတော့ လေဖိအားနည်းရပ်ဝန်းအဆင့်ကိုရောက်လာပါပြီ။
ဒီဗန့ သြဂုတ်လ-၁၃ ရက် ညနေပိုင်းမှာ အပူပိုင်မုန်တိုင်းအဆင့်ကိုရောက်လာပြီး သူ့ရဲ့ လမ်းကြောင်းက ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းနဲ့ ထိုင်ဝမ်ကျွန်းကြားက ဖြတ်ပြီး တောင်တရုတ်ပင်လယ်ကို ဝင်ရောက်မယ်လို့ တွေ့ရပါတယ်၊ ပြီးရင် ဟောင်ကောင်မကာအိုအနီးက ကုန်းတွင်းကို ဖြတ်ကျော်ပြီး ကုန်းတွင်းကို ဝင်ရောက်ဦးမှာဖြစ်ပါတယ်။
မုန်တိုင်းရွေ့လျားမှု အခြေအနေကြောင့် ကျနော်တို့နိုင်ငံ အရှေ့ဘက်ပိုင်းဒေသတွေမှာ မိုးများမဲ့ အခြေအနေတွေ ထပ်ဖြစ်ဦးမှာဖြစ်ပါတယ်။
ဆက်လက်စောင့်ကြည့်ပြီး တင်ပြပေးသွားပါဦးမယ်။