လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြ လွှတ်တော်၌ အဆိုတင်သွင်းနေစဉ် ဓာတ်ပုံ စိုးမင်းထိုက်
မြန်မာနိုင်ငံသားဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသား
ဥပဒေ (၁၉၈၂ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄)အား ပယ်ဖျက်သင့်ကြောင်း
ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန်
အမျိုးသားလွှတ်တော်က သြဂုတ်လ ၁၃ ရက်နေ့က သဘောတူခဲ့သည်။