Pages

Thursday, August 16, 2012

ငြိမ်းချမ်းရေးကိုရှေ့ရှု ဖော်ဆောင်ကြပါစို့





ကျွန်ုပ်တို့ ဘာကြောင့် ရန်ဖြစ် နေကြတာလဲ။

ကျွန်ုပ်တို့ ဘာကြောင့် စစ်တိုက်နေကြတာလဲ။

စစ်တို့မည်သည် အနိဌာရုံ ဆိုတာ သုံး လေးနှစ်သား ကလေးကအစသိနေကြတာဘဲ့လေ။

ခေါင်းဆောင်တို့ ရဲ့ အတ္တ၊ မာန ၊လောဘ တွေက စစ်ပွဲတွေကို ဖန်တီးနေကြတယ်။

တစ်ပြည်ထောင်နှင့် တစ်ပြည်ထောင်တိုက်ခိုက်ကြတာက လောဘကိုအခြေခံတဲ့ စစ်ပွဲ။

တစ်ပြည်ထောင်အတွင်း တိုင်းရင်းသားလူမျိုးအချင်းချင်း တိုက်ခိုက်ကြတာက အတ္တ၊ မာန ၊လောဘသုံးမျိုးစလုံးကိုအခြေခံတဲ့ စစ်ပွဲ ။

ဒီစစ်ပွဲတွေအကြား အရှင်လတ်လတ် လောကငရဲ ခံကြရတာက လက်နက်မဲ့ ပြည်သူပြည်သူပြည်သားများ။

နောက် လက်နက်ကိုင်တိုင်းသူပြည်သားများ။အားလုံးဟာ လောကငရဲသားများ။

တိုက်ခိုက်ကြပြီဆိုတော့ သူ့ဘက် ကိုယ့်ဘက် အားလုံး သေကြေ ပျက်စီး ဆုံးရှုံး နစ်နာကြတာ ။

နိုင်ငံတော်အတွင်း ဘက်ပေါင်းစုံကျဆင်း ဆုံးရှုံးနစ်နာမှုကအနန္တ။

တပ်မတော်အတွင်းကကျွန်ုပ်တို့ သား မြေး တူများ နာကြ သေကြ ။ ကျွန်ုပ်တို့ တိုင်းရင်းသား

ညီအကိုများလည်း နာကြ သေကြ ။ အားလုံးဟာ နိုင်ငံတော်အတွက် အနှုတ်လက္ခဏာ ။

ကျွန်ုပ်တို့ ဘာကြောင့် စစ်တိုက်နေကြတာလဲ။

အယူဝါဒ တိုက်ပွဲလား ။

အခုချိန်ခါမှာဒီအချက်ကတော့မဖြစ်တန်ရာ။

 အစိုးရ နဲ့ ပြည်သူ တူညီတဲ့ အယူဝါဒရှိနေကြပြီမဟုတ်လား။

 ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော် ကို ထူထောင်နိုင်ဖို့
 ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ နဲ့

နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဦးဆောင်ဖော်ဆောင်နေကြပြီ။

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို ဆိုင်းငန့်လိုက်တာဟာ ပြည်သူ့အသံကို လစ်လျူမရှုတဲ့

ပြည်သူ့အစိုးရ ဆိုတာပြယုဂ်တစ်ခုဘဲ့မဟုတ်ပါလား။

ဒါဆိုကျွန်ုပ်တို့ ဘာအတွက် ကြောင့် စစ်တိုက်နေကြတာလဲ။

ခေါင်းဆောင်တွေရဲ့ အတ္တ၊ မာန ၊လောဘ တွေကြောင့်လား ။ ဒီအချက်ကြောင့် ဆိုရင်တော့ …………

နှစ်ဘက်စလုံးရဲ့ခေါင်းဆောင်ပိုင်းက အတ္တ၊ မာန ၊လောဘ တွေကို လျော့ချ ကြမှဖြစ်တော့မည်။

မိမိရဲ့ အတ္တ၊ မာန ၊လောဘ တွေကြောင့် လက်အောက်ငယ်သားတွေ ၊ နောက် တိုင်းသူပြည်သား

အားလုံး၏ အနာဂတ်လားရာသည် သူ့ကျွန်ဘဝကထက်ဆိုးဖွယ်သာရှိတော့သည်။



မြစ်ဆုံစီမံကိန်းသည် နောင် လေး နှစ်၊ငါးနှစ်၊ ဆယ်နှစ်မှ အဆိုးကျိုးကိုခံစားကြရမှာဖြစ်သည်။

သို့သော် နိုင်ငံ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များ ယခုဖြစ်နေသောစစ်ပွဲများက

 လောလောဆယ်ကိုအဆိုးကျိုးများခံစားနေကြရပါပြီ။
 လောလောဆယ်အရေးတကြီးလိုအပ်နေတာက    

 ငြိမ်းချမ်းရေး။ ငြိမ်းချမ်းရေး။   ငြိမ်းချမ်းရေး။ ငြိမ်းချမ်းရေး။ 

 ဒါကြောင့်  ဧရာဝတီညီညွတ်မှုအားကိုယူပြီး စစ်ပွဲများရပ်ဆိုင်းသွားအောင် ကျွန်ုပ်တို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့။

ငြိမ်းချမ်းရေးကိုရှေ့ရှု ဖော်ဆောင်ကြပါစို့ ။



                                    လွင့်မောင်မောင်(ထားဝယ်)