Pages

Sunday, August 5, 2012

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှုအတွက် လိုအပ်သည့် ပစ္စည်းများ စတင်ရောက်ရှိ အဆိုပါ စီမံကိန်းမှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို ဇူလိုင်လတွင် ပြည်ပသို့ စပို့မည်

7441
မဒေးကျွန်း ရေနက်ဆိပ်ကမ်းသစ် နေရာတွင် မိုင်းခွဲထားသော ကျောက်များကို သယ်ယူနေသည်ကို မေလအတွင်းက တွေ့ရစဉ်
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုအတွက် လိုအပ်သည့် ပစ္စည်းများသယ်ယူခြင်းကို ခွင့်ပြုပေးထားခဲ့ပြီး ယခုအခါ သင်္ဘောသုံးစီး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။
“ကျောက်ဖြူရေနက်ဆိပ်ကမ်း နဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်း တွေ သယ်ယူခွင့်ကို MIC ကခွင့်ပြု ထားပြီးသားပါ။ အခုသင်္ဘောတွေ ရောက်နေပြီ။ သောင်တူးတာတို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ စပြီးသယ်ယူတာပါ”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
ယင်းအပြင် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ပသို့ စတင်တင်ပို့မည်ဟုလည်း သတင်းရရှိပါသည်။
ယခင်က စီမံကိန်းစတင် အကောင်အထည်ဖော် ရေးဆွဲရာတွင် ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင်စတင် တင်ပို့နိုင်ရန် လျာထားထားပြီး  မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက် လိုင်းဖြင့်လည်း ၂၀၁၃ ခုနှစ်၊ မေလ အတွင်း၌ပင် စတင်တင်ပို့ရန် လျာထားခဲ့ခြင်းဖြစ်သည်။
7441a
ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်းလုပ်ငန်းခွင်ကို တွေ့ရစဉ်
မုတ္တမကမ်းလွန်ရှိ ဇောတိက စီမံကိန်းမှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်ပသို့ စပို့ရန်လျာထားထားကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့တင်ပို့မှု နိုင်ငံအလိုက်စာရင်း တွင် မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်၌ အဆင့် ၁၆ နေရာတွင်ရပ်တည်နေပြီး လက်ရှိတွင် ရဲတံခွန်နှင့်ရတနာ စီမံကိန်းနှစ်ခုတည်း တင်ပို့နေခြင်းဖြစ်ကြောင်း၊ အကယ်၍ လာမည့် ၂၀၁၃ ခုနှစ်တွင် ရွှေနှင့် ဇောတိကတွင်ပါ တင်ပို့နိုင်မည်ဆိုပါက မြန်မာနိုင်ငံ အနေဖြင့် ပိုက်လိုင်းဖြင့် သဘာဝဓာတ် ငွေ့တင်ပို့သည့် နိုင်ငံများထဲတွင် အဆင့် ၁၃ အထိပင် မြင့်တက်သွား နိုင်ကြောင်း တွက်ချက်ထားကြသည်။
အာရှပစိဖိတ် ဒေသတွင်လည်း အင်ဒိုနီးရှားနိုင်ငံအား ကျော်တက်ကာ နံပါတ်တစ် သဘာဝဓာတ်ငွေ့ တင်ပို့သည့်နိုင်ငံ ဖြစ်လာမည်ဟုလည်း ထုတ်ပြန်ထားချက်များအရ သိရှိရသည်။

ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု နိုင်ငံအလိုက် ရပ်တည်မှု
စဉ် နိုင်ငံ   ပမာဏ (ဘီလျံကုဗမီတာ)
ရုရှား         ၁၇၆ .၄၈
နော်ဝေ      ၉၅ .၇၂
ကနေဒါ     ၉၂ .၂၄
နယ်သာလန် ၄၉ .၆၇
အယ်လ်ဂျီးရီးယား     ၃၁ .၇၇
အမေရိကန်  ၂၉ .၄၆
ကာတာ     ၁၈ .၇၅
တာ့မစ်နစ္စတန်       ၁၆ .၇၃
ဥဇဘက်ကစ္စတန်     ၁၅ .၇၀
၁၀ ဂျာမနီ     ၁၂ .၈၀
၁၁ ဗြိတိန်      ၁၂ .၁၇
၁၂ ကာဇက်စတန်     ၁၀ .၃၀
၁၃ ဘိုလီးဗီးယား       ၉ .၈၁
၁၄ အင်ဒိုနီးရှား ၉ .၆၇
၁၅ လစ်ဗျား    ၉ .၁၇
၁၆ မြန်မာ      ၈ .၂၉
၁၇ အဇာဘိုင်ဂျန်       ၇ .၁၉
၁၈ အီရန်      ၅ .၆၇
၁၉ အီဂျစ်       ၅ .၅၀
၂၀ ဒိန်းမတ်   ၄ .၀၁
၂၁ မိုဇမ်ဘစ်   ၃ .၅၀
၂၂ ဘယ်လ်ဂျီယမ်     ၂ .၅၄
၂၃ ကိုလံဘီယာ        ၁ .၈၀
၂၄ မလေးရှား ၁ .၂၀
၂၅ စပိန်       ၁ .၀၀
၂၆ အာဂျင်တီးနား      ၀ .၈၈
၂၇ ပြင်သစ်    ၀ .၈၄
၂၈ မက္ကဆီကို  ၀ .၇၉
၂၉ အီတလီ   ၀ .၁၃

Eleven Media Group