Pages

Thursday, August 9, 2012

မိုးများနေသည့် မြန်မာနိုင်ငံနှင့် ထပ်မံ ရွေ့လျားလာဘွယ်ရှိသည့် တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များ

By mmweather.ygn, on August 9th, 2012
သြဂုတ်လ ၉ ရက် မြန်မာစံတော်ချိန် နံနက် ၁၀၀၀ နာရီတွင် ရရှိသည့် ဂြိုလ်တုဓါတ်ပုံများနှင့် လှုပ်ရှားမှုပုံရိပ်များ(animation) အရ တိုင်ဖွန်းမုန်တိုင်း HAIKUI ၏ အကြွင်းအကျန်များသည် ဗီယက်နန်၊ လာအိုနှင့် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားလျှက်ရှိပါသည်။ တရုတ်ပြည်မကြီး တောင်ပိုင်းကို ကျော်ဖြတ်ပြီးပါက လာအ်ုနိုင်ငံမြောက်ပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ လာမည့် ရက်အနည်းငယ်အတွင်း ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းရပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း နောက်(၂)အတွက် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် မိုးပိုလာနိုင်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သဖြင့် မိုးများမည့်အခြေအနေ၊ မြစ်ရေမြင့်တက်မှု အခြေအနေများကို ကာကွယ်၊ ရှောင်ရှားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ကြစေရန် တင်ပြအပ်ပါသည်။
မုန်တိုင်း အကြွင်းအကျန်များကို  animation link  မှ တစ်ဆင့် ဆက်လက်စောင့်ကြည့်ပါသည်။