Pages

Tuesday, August 7, 2012

၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ပြည်ထောင်စုဝန်ကြီးနှစ်ဦးရောက်ရှိ




ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကျင်းပမည့်မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန၀န်ကြီးဦးစိုးသိန်းနှင့်မီးရထားပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီးဦးအောင်မင်းတို့
 ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက်၈၈မျိုးဆက်ကျောင်းသားများနှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။ ထိုသို့လာရောက်ခြင်းသည်မနက်ဖြန်ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ကခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့်ဖြစ်ကြောင်းတို့ကိုဝန်ကြီးဦးစိုးသိန်းက ပြောကြားသွားသည်။  ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြိုဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားအတွက်
 ပြင်ဆင်နေချိန်တွင်ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန
ဝန်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနားကျင်းပမည့်
 မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊
ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြကာ
 ကျောင်းထိုင်ဆရာတော်များကိုဂါရ၀ပြုပြီးနောက်၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။
 ထိုသို့ တွေ့ဆုံရာတွင် မနက်ဖြန်ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက်
 ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန်
နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့်
လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ဒါကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို
ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့ကခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းတို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီးဆရာတော်ကြီးများအတွက်န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့အလှူငွေကျပ်ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်။
အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ
ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း
ပေးအပ်ခဲ့သည်။ ညနေ ၅း၂၀ ခန့်တွင် ၀န်ကြီး နှစ်ဦးသည်
ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
၈၈မျိုးဆက်ဖေ့စ်ဘုတ်စာမျက်နှာမှကူးယူဖော်ပြသည်။
88 Generation Students(Facebook)