Pages

Tuesday, August 21, 2012

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၀၁) ဥိးမှ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များ နုတ်ထွက်ရန် တောင်းဆိုဆွေးနွေး

 
 နေပြည်တော်  -(၂၁.၈၂၀၁၂ )
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ သို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးမှ လက်မှတ်ရေး ထိုးပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၃၃၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) ပါပြဋ္ဌာန်းချက်အား ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် (၅) အရ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သဘောထားကို၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် လွှတ်တော် အခွင့်အရေး ကော်မတီမှ တစ်ဆင့် ဒုတိယအကြိမ်အဖြစ် ထပ်မံ တင်လျှောက် ခဲ့ပြီး ယနေ့(၂၁.၈၂၀၁၂) တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။အဆိုပါလွှတ်တော်ကိုယ်စားလှယ်များ
၏ ဥက္ကဌထံတင်ပြလာခြင်းနှင့် ပတ်သက်ပြီး လွှတ်တော် ဥက္ကဌက "လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် လွှတ်တော် ကိုယ်စား လှယ်များက တရားနည်းလမ်းကျစွာ တင်ပြ တောင်းဆို လာသော ကိစ္စရပ်များနှင့် တာဝန်ပေးမှုများအား လက်ခံဆောင်ရွက်ပေးရမည်ကို မိမိနားလည် သဘောပေါက်ပါတယ်။
သို့ရာတွင် ဤလို စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းကိစ္စရပ် များကို အလျဉ်းမပြုလုပ်လိုပါ။
လွှတ်တော်ကိုယ်စားလှယ်များတွင်လည်း မိမိထက် မနည်းသော စိတ်စေတနာကောင်းများရှိကြလိမ့်မည်ဟု ယုံကြည်ပါ တယ်။ သို့ပါသောကြောင့် စွပ်စွဲပြစ်တင်မှု နည်းလမ်းအစား အခြားနည်းလမ်း တစ်ခုခုဖြစ်မြောက်ရေး အတွက် ကြိုးပမ်း မှု ပြုနေချိန်တွင် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် သည်းခံစိတ် ထားရှိ၍ ခေတ္တ ခဏ စောင့်ဆိုင်း ပေးစေလိုပါ တယ်"ဟုတ် ပြောကြားခဲ့ပြီး နိုင်ငံတော် သမ္မတထံသို့လည်း လွှတ်တော် ဥက္ကဌမှ သ၀န်လွှာပေးပို့သွားမည်ဖြစ်ကြောင်း "ဒီကိစ္စအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆက်လက်၍ သည်းခံစိတ်ထားရှိပြီး သတ်မှတ် ပေး ထားသည့် ကာလအတွင်း နိုင်ငံတော် သမ္မတက ဆောင်ရွက်ပေးမည့် အချိန်အထိ စောင့်ဆိုင်းပေးပါရန်နှင့် မိမိကလည်း နိုင်ငံတော် သမ္မတထံ သဝဏ်လွှာပေးပို့ဆောင်ရွက်သွားပါမယ်။ သတ်မှတ်ကာလအတွင်း အဆင်ပြေခြင်းမရှိပါက လွှတ်တော် ကိုယ်စားလှယ်များ၏ဆန္ဒအတိုင်း စွပ်စွဲပြစ် တင်မှုပြုလုပ် လိုပါက ပြု လုပ်နိုင်ကြ ပါကြောင်း နှင့် ယခုမူ ခေတ္တစောင့်ဆိုင်း သည်းခံပေးပါရန် မေတ္တာရပ်ခံ တင်ပြအပ်ပါတယ်။"ပြောကြားခဲ့သည်။