Pages

Thursday, August 30, 2012

ပြည်ထောင်စု ဒုဝန်ကြီး ၃ ဦး ခန့်အပ်


သြဂုတ် ၂၉၊ ၂၀၁၂၊ YPI

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်ထောင်စု ၀န်ကြီးနှင့် ဒုဝန်ကြီးများ အပြောင်းအလဲ ဆက်တိုက်ပြုလုပ်လျှက်ရှိရာ ဘဏ္ဍာအခွန် ၀န်ကြီးဋ္ဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနနှင့် ယနေ့ညနေ နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်ကြေညာချက် အရသိရှိရသည်။

နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၂၇/၂၀၁၂ ဖြင့် ထုတ်ပြန်ချက်တွင် နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာန ဒုဝန်ကြီး ၂ ဦးအဖြစ် ဦးသန့်ကျော်နှင့် ဦးဇင်ယော်တို့ကို ခန့်အပ်လိုက်ကာ ယခင် မြန်မာ့အာမခံ လုပ်ငန်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမောင်မောင်သိမ်းအား ဘဏ္ဍာအခွန်ဝန်ကြီး ဋ္ဌာနဒုဝန်ကြီး အဖြစ် ခန့်အပ်လိုက်သည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် တက်လာပြီးနောက် တစ်နှစ်ခွဲဝန်းကျင် အကြာ၌ ယခုကဲ့သို့ ၀န်ကြီးနှင့် ဒုဝန်ကြီး အပြောင်းအလဲများ ဆက်တိုက်ပြုလုပ်လျှက်ရှိခြင်း ဖြစ်သည်။ ။