Pages

Friday, August 31, 2012

တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအစည်းအဝေးကျင်းပ


တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအစည်းအဝေးကျင်းပစဉ် ( ဓါတ်ပုံ- အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌ အဖြစ်ဆောင်ရွက်နေသော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီကကျင်းပခဲ့ကြေင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဖေ့စ်ဘုတ် အင်တာနက်
သတင်းအရသိရပါတယ်။

ကော်မတီအနေနဲ့ စတင် ဖွဲ့စည်းပြီးကထဲက ဒီကနေ့အထိ တိုင်ကြားစာ သုံးရာကျော် လက်ခံရရှိထားပြီး
ဒေါ်အောင်ဆန်းစုကြည်ဟာ နေ့လည်ပိုင်းမှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

အမျိုးသား လွှတ်တော် အစည်းအဝေးမှာတော့ ပြည်သူတို့၏ တိုင်ကြားစာ နဲ့ အသနားခံစာဆိုင်ရာ ကော်မတီရဲ့ တရားစီရင်ရေး ကဏ္ဍအနေနဲ့ တရားမျှတစွာ မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်ပေါ်စေရေးကို အထူး အလေးထား ကြီးကြပ် ဆောင်ရွက်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အား တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးပြီး အတည်ပြုလိုက်ကြောင်းလည်း RFA သတင်းအရ သိရပါတယ်။