Pages

Wednesday, August 8, 2012

၈ လေးလုံးအရေးတော်ပုံ ငွေတုအကြို နှစ်ပတ်လည်အခမ်းအနားကို ဒီကနေ့မနက်က မန္တလေးမြို့ ချမ်းမြေ့သာစည်မြို့နယ် အလယ်တိုက်ကြီး ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်မှာ အဖွဲ့အစည်းစုံစုံလင်လင်နဲ့ကျင်းပ

(Photos: ASH+AA+KM+Super)

၈ လေးလုံးအရေးတော်ပုံ ငွေတုအကြို နှစ်ပတ်လည်အခမ်းအနားကို ဒီကနေ့မနက်က မန္တလေးမြို့ ချမ်းမြေ့သာစည်မြို့နယ် အလယ်တိုက်ကြီး ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်
မှာ အဖွဲ့အစည်းစုံစုံလင်လင်နဲ့ကျင်းပသွားခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေဟာ မနက် ၆ နာရီမှာ ဆရာတော်သံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခဲ့ကြပါတယ်။ အဲဒီနောက် ၈ လေးလုံးမှာအသက်ပေးကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ တွေအတွက် ၁ မိနစ် ငြိမ်သက်ဂါရ၀ပြုခဲ့ကြပါတယ်။ ဒီအခမ်းအနားကို ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ အနယ်နယ်အရပ်ရပ်က ၈ လေးလုံးအရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားပြည်သူတွေ စာပေနယ်ကပုဂ္ဂိုလ်တွေ နဲ့ နိုင်ငံရေးအင်အားစုတွေ ၂ ထောင်လောက်တက်ရောက်လာခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က အချက် ၈ ချက်ပါ သဘောထားကြေငြာချက် တစ်စောင်ကိုလည်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီလိုပဲ ၈ လေးလုံးအရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ်အခမ်းအနားဖြစ်မြောက်ရေးကော်မတီကလည်း အချက် ၅ ချက်ပါ ကြေငြာချက်တစ်စောင်ကိုထုတ်ပြန်သွားပါတယ်။ ဒီအခမ်းအနားဟာ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး လွတ်လွင်တ်လပ်လပ်ကျင်းပနှိုင်တဲ့ အခမ်းအနားဖြစ်သလို နိုင်ငံတော် ပြည်ထောင်စုအဆင့် ၀န်ကြီး ၂ ဦးကိုယ်တိုင် လာရောက်အသိအမှတ်ပြုပေး သွားတဲ့ အခမ်းအနားပွဲတစ်ခုလည်းဖြစ်ပါတယ်။ ၈ လေးလုံးအရေးတော်ပုံ ငွေရတုအကြို နှစ်ပတ်လည်အခမ်းအနားကို နံနက် ၈ နာရီခွဲမှာ ကျင်းပပြီးစီးသွားခဲ့ပါတယ်။ အခမ်းအနားအပြီးမှာ တက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးအပါအ၀င် နိုင်ငံရေးအင်အားစုတွေ နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက နိုင်ငံပြောင်လဲမှု့ဖြစ်စဉ်မှာ အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှု့ဖော်ဆောင်ရေးကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။DVB
(Photos: ASH+AA+KM+Super)