Pages

Wednesday, August 22, 2012

မြန်မာပြည်အကြောင်း ခန့်မှန်းနေတဲ့ အာရှဖွံ့ဖြိုးရေးဘဏ်



ဒီကနေ့ ရန်ကုန်မှာ သတင်းသမားများနဲ့တွေ့ဆုံတဲ့
ADB ရဲ့ အရာရှိ Cyn-Young Park (ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)

မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီးတော့ မှန်မှန်ကန်ကန် ဖြစ်ပေါ်နေမယ် ဆိုရင် စီးပွားတိုးတက်မယ်၊ လာမယ့် အနှစ် ၂၀ လောက် ဆိုရင် တဦးချင်းပျမ်းမျှဝင်ငွေက ဒေါ်လာ ၃,၀၀၀ (ကျပ် ၂၅ သိန်း) ဖြစ်လာနိုင်တယ် တဲ့။

အာရှဖွံ့ဖြိုးရေးဘဏ် Asia Development Bank (ADB) ရဲ့ အစီရင်ခံစာမှာ အဲဒီလို ခန့်မှန်းထားတာပါ။

တဦးချင်းပျမ်းမျှဝင်ငွေ ဆိုတာ တနှစ်စာ ၀င်ငွေကိုပြောတာ ဖြစ်နိုင်ပါတယ်။

ဝင်ငွေ ၃ ဆ တိုးဖို့ အနှစ် ၂၀ ကြိုးစားရဦးမယ်ပေါ့လေ။

ဒီအစီရင်ခံစာ ထုတ်ပြန်ပြီးနောက် မနေ့က ဘန်ကောက်မှာ ADB က သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။
မြန်မာပြည်မှာလည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲ လာလုပ်ပါတယ်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာပါ။

ADB ရဲ့ အစီရင်ခံစာ ဆိုတာမျိုးက သိပ်မကြာသေးခင်ကလည်း ထုတ်ခဲ့ပြီးပါပြီ။ အဲဒီအကြောင်းကိုလည်း ဧရာဝတီစာမျက်နှာမှာ ဖတ်ခဲ့ရပြီးဖြစ်မှာပါ။

စီးပွားရေး ဦးမော့ဖို့ မျိုးဆက်နဲ့ချီ လုပ်ရမယ်လို့ ADB ခန့်မှန်းတယ် တဲ့။

အဲဒီသတင်းမှာ ADB နဲ့ မြန်မာပြည် ဆက်စပ်ပုံအကြောင်းကိုလည်း ဖတ်ရှုနိုင်မှာပါ။

ADB ကတော့ မြန်မာပြည်အကြောင်း အဆက်မပြတ် ရေးသားထုတ်ဝေ ခန့်မှန်း ပြောဆိုနေတာပဲ ဖြစ်ပါတယ်။
ဧရာဝတီ